မဟာအောင်မြေမြို့နယ်ရှိ ယုဇနဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၆လမ်းနှင့် ၃၇လမ်းရှိ ယုဇနဆန်ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက်စျေးနှုန်းများ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန် လက်ကျန်အခြေအနေများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်း ဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း၊ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူစားသုံးသူရေးရာဦးစီးဌာန၊မန္တလေး တိုင်း ဒေသကြီးဦးစီးမှူးရုံး၊  ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးဦးဇော်လွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့ ပါဝင်ပြီး၊ မဟာအောင်မြေ မြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစား စျေးနှုန်းများ သင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မန္တလေး)