
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ ဆန်ဈေးနှုန်းများ ကြီးမြှင့်မှုမရှိစေရေးနှင့် စားသုံးသူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၄:၃၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်းနှင့် ဈေးပြင်ပဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စည်ပင်သာယာမြို့မဈေးအတွင်းရှိ ပြည့်ဝဆန်ဆိုင်၊ ကရင်ကန်ဆန်ဆိုင်နှင့် ဈေးပြင်ပရှိ ဒေါ်သောင်းသောင်းဆန်ဆိုင်များတွင် ရောင်းချလျက်ရှိသော ဆန်အမျိုးအစားအလိုက်ရောင်းချသော ဈေးနှုန်းများအား ကောက်ခံခဲ့ပြီး အဆိုပါ ဆန်ဆိုင်များတွင် ဧရာဝတီပေါ်ဆန်းဆန်နှင့် ရွှေဘိုပေါ်ဆန်းဆန်များ ရောင်းချမှုမရှိဘဲ ကျောက်တန်းဒေသထွက် ကြားပျံဆန်၊ ခရမ်းဒေသထွက် ဆင်းသုခဆန်နှင့် ရွှေမန်းဆန် အမျိုးအစားများသာ ရောင်းချလျက်ရှိပြီး ဆန်ဈေးနှုန်းမှာ ယခင်အပတ်နှင့် ယခုအပတ်ဈေးနှုန်းများ ကွာခြားမှုမရှိဘဲ ဆန်ဈေးနှုန်းများ တည်ငြိမ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
