အမေရိကန်နိုင်ငံနှင့် အကောက်ခွန်သဘောတူညီချက် ရရှိရန်ကြိုးပမ်းလိုသည့် ဗီယက်နမ်နိုင်ငံ

Powered by Drupal

          ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် လုပ်ဆောင်လျက်ရှိပြီး ဝါရှင်တန်တွင်ဆွေးနွေးမှုအသစ်များပြုလုပ်လျက်ရှိကြောင်း ဗီယက်နမ် နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်ဆိုသူ Bui Thanh Son က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အောက်တိုဘာလတွင် အဆိုပါနိုင်ငံနှစ်နိုင်ငံသည် ကုန်သွယ်ရေးသဘောတူညီချက်ကို အဆုံးသတ်မည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ ကုန်ပစ္စည်းများအပေါ် အခွန် ၂၀ ရာခိုင်နှုန်းကောက်ခံမှုကို ဆက်လက်ကောက်ခံမည်ဖြစ်သော်လည်း သြဂုတ်လတွင် အမေရိကန်သမ္မတ Donald Trump မှ အသစ်ထုတ်ပြန်လိုက်သည့် အမျိုးအစားတိကျမှုမရှိသော ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံမှုအသစ်ကို ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရပါ သည်။ Son က အမေရိကန်စီးပွားရေးလုပ်ငန်းများအား Hanoi မြို့တွင်ပြုလုပ်သော ညီလာခံတွင် သင့်တင့်၍ မျှတသော ကုန်သွယ်ရေးသဘောတူညီချက်များရရှိရန် နှစ်နိုင်ငံအပြန် အလှန် ဆွေးနွေးမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ အတွင်းတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၁၁ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ဆွေးနွေးမှုများသည် အမေရိကန်အကောက်ခွန် စည်းကြပ်မှုမှ ကင်းလွတ်ခွင့်ရရှိခဲ့သော ဗီယက်နမ်နိုင်ငံမှ ကော်ဖီထုတ်ကုန်များအပေါ် အမျိုးအစားခွဲခြား သတ်မှတ်ခြင်းအား အလေးစိုက်သွားရန် အမေရိကန်နိုင်ငံမှ ကားနှင့်လယ်ယာ ထွက်ကုန်များအား ဗီယက်နမ်နိုင်ငံစျေးကွက်သို့ ဦးစားပေးဝင်ရောက်နိုင်ခွင့်များကို ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံမှ ဆွေးနွေးသူများသည် Trump နှင့် ဗီယက်နမ်နိုင်ငံမှ ထိပ်သီးခေါင်းဆောင် To Lam တို့အကြား ကုန်သွယ်ရေးသဘောတူညီမှု လက်မှတ်ရေးထိုးခြင်း ဖြစ်ပေါ်လာစေရန် လုပ်ဆောင်လျက်ရှိပါသည်။ Son က အမေရိကန်နိုင်ငံစီးပွားရေးလုပ်ငန်းများအား ဗီယက်နမ်နိုင်ငံမှ အဆင့်မြင့် လျှပ်ကူးပစ္စည်းများကဲ့သို့သော နည်းပညာမြင့်ထုတ်ကုန်များအား တင်ပို့မှုကန့်သတ် ခြင်းများလားဖြေလျော့ပေးရန်နှင့် ဗီယက်နမ်နိုင်ငံအား စျေးကွက်စီးပွားရေးအချက်အချာအဖြစ် အသိအမှတ်ပြုရန်တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံတွင် မြေရှားသတ္ထုနှင့် ဂါလီယမ်များ များပြားစွာရှိနေခြင်းကြောင့် အရေးပါသော သတ္ထုများအတွက် ကမ္ဘာ့စျေးကွက်တွင် အရေးပါလာနိုင်ကြောင်း အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်အတွင်းရေးမှူးဆိုသူ Michael DsSombre ၏ပြောကြားချက်အရ သိရပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)