
ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း ပင်လယ်စာတင်ပို့မှုတန်ဖိုးသည် ယခုနှစ် ပထမ ၁၀ လ အတွင်း အမေရိကန်ဒေါ်လာ ၉.၃၁ ဘီလီယံ ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၁၂.၉ ရာခိုင်နှုန်း တိုးလာကြောင်း ပြည်တွင်းသတင်းစာ VnEconomy က တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ တရုတ်၊ အမေရိကန်နှင့် ဂျပန်တို့သည် အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးပင်လယ်စာတင်ပို့ရောင်းချသည့် စျေးကွက်သုံးခုအဖြစ် ဆက်လက်တည်ရှိနေပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်း၊ ၁၇.၄ ရာခိုင်နှုန်းနှင့် ၁၅.၁ ရာခိုင်နှုန်း အသီးသီးရှိကြောင်း စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်းသည် ၂၀၂၅ ခုနှစ် စတုတ္ထ သုံးလပတ်တွင် ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုမှာ ဒေါ်လာ ၂.၁၉ ဘီလီယံခန့်ရှိပြီး ယမန် နှစ်အလားတူကာလကထက် ၂၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားလိမ့်မည်ဟု ခန့်မှန်းထားကြသည်။ ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာတင်ပို့မှုတန်ဖိုးသည် တစ်နှစ်လျှင် ဒေါ်လာ ၁၀.၅ ဘီလီယံ ဝန်း ကျင်အထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း အသင်း၏အဆိုအရ သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)
