“ကွမ်းခြံကုန်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းဆောင်ရွက် ”

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကို တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်လျက်ရှိရာ  နိုဝင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အမက ထင်းပုံကျောင်းသို့ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတွင် မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက လူငယ်နှင့်စာပေအကြောင်းအရာများအကြောင်း၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးပညာဖြင့် ကုသနိုင်သောရောဂါများအကြောင်း ခရမ်းချဉ်သီး အသုံးဝင်ပုံအကြောင်းများနှင့် မြို့နယ်စားသုံး သူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်၊ ကုန်စည်၏ အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်နှင့် ကုန်စည်များကို ဝယ်ယူအသုံးပြုရာတွင် သတိပြုရမည့် အချက်များနှင့် နစ်နာဆုံးရှုံးမှုများကို တိုင်ကြားနိုင်သည့် Calln Center 1535မှ ခေါ်ဆိုနိုင်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြသည်။

          အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၈၂)ဦး တက်ရောက်ခဲ့ကြပြီး တာဝန်ခံ ဆရာမ ဒေါ်အေးချမ်းမေက Consumer Call Center 1535 လိုင်းခွဲ(၂) သို့လက်တွေ့ခေါ်ယူ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)