ဖိလစ်ပိုင်နိုင်ငံရှိတိုင်ဖွန်းမုန်တိုင်းဒဏ်ခံရသူများကိုကူညီရန် အမေရိကန်ဒေါ်လာ သုံးသန်းအထိ ထောက်ပံ့မည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ကတိပြု

Powered by Drupal

     အာရှဖွံ့ဖြိုးရေးဘဏ် (ADB) သည် ယခုသီတင်းပတ်တွင် ဖိလစ်ပိုင်အလယ်ပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ၂၀၄ ဦး သေဆုံးကာ ၁၀၉ ဦး ပျောက်ဆုံးခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဒဏ်ခံရသူ များအတွက်  အမေရိကန်ဒေါ်လာ သုံးသန်းအထိ ထောက်ပံ့မည်ဟု ကတိပြုထားသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အေဒီဘီသည် ဖိလစ်ပိုင်အစိုးရ၏ တောင်းဆိုချက်အရ အမေရိကန်ဒေါ်လာ သုံးသန်းအထိ ထောက်ပံ့ငွေများ ပေးအပ်ရန် ပြင်ဆင် ထားကြောင်း ပြောကြားသည်။

အစိုးရအဖွဲ့က တိုင်ဖွန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားပြီးနောက် နိုဝင်ဘာ ၇ ရက်က အမျိုးသားဘေးအန္တရာယ်အခြေအနေ ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံသည် နောက်ထပ် သဘာဝဘေးကြီးတစ်ခု ဖြစ်နိုင်ချေရှိသော ဖန်ဝမ်မုန်တိုင်းအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းမုန်တိုင်းသည် အဆင့် ၅ တိုင်ဖွန်းအဖြစ် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသ ခန့်မှန်းသူများက ခန့်မှန်းထားသည်ဟု သိရသည်။

 

Source: ဆင်ဟွာ                                                               

DOCA(ပြည်ထောင်စုနယ်မြေ)