အာရှဖွံ့ဖြိုးရေးဘဏ်က ဖိလစ်ပိုင်နိုင်ငံအား အမေရိကန်ဒေါ်လာ သုံးသန်း ကူညီမည်

Powered by Drupal

    အာရှဖွံ့ဖြိုးရေးဘဏ်က ဖိလစ်ပိုင်နိုင်ငံ၏ အရေးပေါ်နှင့် လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ သည် တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ဆိုးရွားစွာ ထိခိုက်ခံစားခဲ့သည်။တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက် ခတ်မှုကြောင့် ၂၀၄ ဦး သေဆုံး ကာ ၁၀၉ ဦး ပျောက်ဆုံးခဲ့သည်။

    ဖိလစ်ပိုင်အစိုးရ၏ တောင်းဆိုမှုအရ အာရှဖွံ့ဖြိုးရေးဘဏ်က ထောက်ပံ့ငွေအမေရိကန် ဒေါ်လာ သုံးသန်းအထိ ရရှိနိုင်ရန် စီမံထားကြောင်း နိုဝင်ဘာ ၇ ရက် တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် သဘာဝဘေးအန္တရာယ်ကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရ သည့်အတွက် ပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ မာဆာတိုကန်ဒါက ပြောကြားခဲ့သည်။

အရေးပေါ်လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာရောက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကိုလည်း အကောင်အထည် ဖော်ရာရောက်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက နိုင်ငံတွင်း အရေးပေါ်အခြေအနေတစ်ရပ်ကို နိုဝင်ဘာ ၆ ရက်တွင် ကြေညာခဲ့သည်။ တစ်ချိန် တည်းတွင် နောက်ထပ်အင်အားပြင်း တိုင်ဖွန်းတစ်ခု ကုန်းတွင်းပိုင်းသို့ နိုဝင်ဘာ ၉ ရက် တွင် ဝင်ရောက်လာဖွယ်ရှိကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းပြောကြားသည်။

 Source: ဆင်ဟွာ                                                              

DOCA(ပြည်ထောင်စုနယ်မြေ)