
ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမ ၁၀ လအတွင်း စိုက်ပျိုးရေးထုတ်ကုန် တန်ချိန် ၁၁ ဒသမ ၈၉ သန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် မှတ်တမ်းအရ သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံနှင့် ဒေသ ၉၀ သို့ ထုတ်ကုန် များတင်ပို့ ရောင်းချခြင်းမှ ကန်ဒေါ်လာ ၄ ဒသမ ၁၈ ဘီလီယံရရှိခဲ့သည်။
ပြည်ပတင်ပို့သည့် ထုတ်ကုန်များမှာ ဆန်စပါး၊ ရော်ဘာ၊ ပီလောပီနံ၊ သရက်၊ ငှက်ပျော၊ ငရုတ်ကောင်း၊ သီဟိုဠ်စေ့၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ပြောင်းသီးနှံများဖြစ်ကြောင်း၎င်းမှတ်တမ်းအရ သိရသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထုတ်ကုန်များတင်ပို့ရာ ဈေးကွက်ဖြစ် ကာ ဒေသတွင်းပြီးပြည့်စုံသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်နှင့် တရုတ်-ကမ္ဘောဒီးယား လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များကလည်း ကမ္ဘောဒီးယား၏ ထုတ်ကုန်များကို တရုတ်နိုင်ငံသို့တင်ပို့ရေးအတွက် အခွင့်အရေးများရရှိစေခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပန်ဆိုဗီချက်က ပြောသည်။
စိုက်ပျိုးရေးလုပ်ငန်းသည် အထည်ချုပ်၊ ဖိနပ်၊ ခရီးသွားထုတ်ကုန်၊ ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး၊ အိမ်ရာလုပ်ငန်းများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို ပံ့ပိုးသည့်လုပ်ငန်းဖြစ်ကြောင်း သိရသည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
