လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  (-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၁း၃၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ဗဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ဗဏီမှ (ယာဉ်အမှတ် 4l-6901) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါစားအုန်းဆီများကို လပွတ္တာခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂ရာခိုင်နှုန်း အမြတ်တို့ဖြင့် လက်လီ/လက်ကး ဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင် များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂ ရာခိုင်းနှုန်းအမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA (ဧရာဝတီ)