မအူပင်ခရိုင်အတွင်း ရေသန့်နှင့် အချိုရည်အမျိုးမျိုး ကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်အတွင်းရှိ ရေသန့်အချိုရည် လက်ကားအရောင်းဆိုင်ကြီးများတွင် ​ရောင်းချသည့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ၅.၁၀.၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့နယ် ရေသန့်နှင့် အချိုရည်အမျိူးမျိူး ရောင်းချသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့် တားမြစ်ချက်ပုဒ်မများကို လိုက်နာမှုမရှိက အရေးယူဆောင်ရွက်မှု အခြေအနေများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

           မြို့နယ်အတွင်း ဈေးကွက်စစ်ဆေးမှု လုပ်ငန်းကိုဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့မစျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)