
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၂)ရက်၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးမြလင်းအောင်နှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆွေးနွေးရာတွင် မြန်အောင်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် MyRo Website တွင် မှတ်ပုံတင်သက်တမ်းတိုးရန်နှင့် လစဉ်ဆန်စပါးလက်ကျန်များရေးသွင်းနိုငရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အသင်းအနေဖြင့် စပါးဆန်များ အရည်အသွေးပြည့်မီစွာဖြင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေးနှင့် သင့်တင့်သော ဈေးနှုန်းဈေးကွက်များ ဖြစ်ပေါ်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း အရည်အသွေးပြည့်မီသောစပါးများစိုက်ပျိုးမှသာ ကောာင်းမွန်ပြည့်စုံသော ဆန်များရရှိပြီး သင့်တင့်သောဈေးနှုန်းများ ရရှိနိုင်မည်ဖြစ်၍ အရည်အသွေးးပြည့်မီသော စပါးများကို စိုက်ပျိုးကြပါရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
