စိုက်ပျိုးမွေးမြူရေးကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်မည့် ဗီယက်နမ်နှင့် ဘရာဇီး

Powered by Drupal

  ဘရာဇီးနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Bui Van Nghi က ဗီယက်နမ်သည်တိရိစ္ဆာန် အစာထုတ်လုပ်ခြင်း၊ အဝတ်အထည်နှင့် သတ္ထုဗေဒတို့ကို ပံ့ပိုးပေးရန် ပဲပိစပ်၊ ပြောင်း၊ ချည်မျှင်နှင့် သတ္ထုရိုင်းတို့အတွက် အားကောင်းသောဝယ်လိုအားရှိကြောင်း ဘရာဇီးနိုင်ငံ ပဲပိစပ်ထုတ်လုပ်သူ များအသင်းဥက္ကဌဖြစ်သူ Mauricio Buffon နှင့် Brasilia တွင်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။ ထိုအစည်းအဝေးသည် နှစ်နိုင်ငံအကြား စိုက်ပျိုးမွေး မြူရေး၊ စက်မှုနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ရည်ရွယ်ကြောင်း သိရပါသည်။ သံအမတ်က ဗီယက်နမ်အတွက် တည်ငြိမ်ပြီး ဗျူဟာမြောက်စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ရောင်းချသည့် ဘရာဇီး၏ အခန်းကဏ္ဍကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ Nghi ကဗီယက်နမ်သည် အီလတ်ထရောနစ်၊ အဝတ်အထည်၊ ဖိနပ်၊ ရေထွက်ကုန်များနှင့် ပြုပြင်ထုတ်လုပ်ထားသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတွင် အားကောင်းမှုနှင့်အတူ အာရှတွင် ကုန်ထုတ်လုပ်မှုအချက် အချာတစ်ခုဖြစ်ပြီး ဘရာဇီးနှင့် အခြားတောင်အမေရိကနိုင်ငံများအား လူဦးရေ သန်း ၇၀၀ နီးပါး ရှိသည့် အရှေ့တောင်အာရှ ဈေးကွက်နှင့် ချိတ်ဆက်ပေးလျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူဖြစ်ပြီး ပဲပိစပ်၊ ပြောင်း၊ အမဲသား၊ ကြက်၊ ဘဲနှင့် သတ္ထုရိုင်း ထိပ်တန်းတင်ပို့သူဖြစ်သည့် ဘရာဇီးသည် ဗီယက်နမ် လုပ်ငန်းများအား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန် အခွင့်အလမ်းများကို ပေးစွမ်းလျှက် ရှိကြောင်း သိရပါသည်။ သံအမတ်ကြီးက ဗီယက်နမ်၏ ဘရာဇီးသို့ ရေထွက်ကုန် များ၊ သီဟိုဠ်စေ့များ၊ သစ် ထုတ်ကုန်များ၊ ပြုပြင်ထုတ်လုပ်ထားသည့်စိုက်ပျိုးရေးထုတ်ကုန်များ၊ အဝတ်အထည်၊ မိုဘိုင်းဖုန်းများ၊ ကွန်ပြူတာများနှင့် အီလတ်ထရောနစ်ပစ္စည်းများတင်ပို့မှု မြှင့်တင်လိုသည့်ဆန္ဒကိုဖော်ပြခဲ့ကြောင်း သိရပါသည်။ Mauricio Buffon က ဘရာဇီးသည် ဗီယက်နမ်အား အရှေ့တောင်အာရှတွင် ဗျူဟာမြောက်မိတ်ဖက်အဖြစ်ရှုမြင်ပြီး အားကောင်းသော နိုင်ငံရေး-သံတမန်ရေးအခြေခံအုတ်မြစ်နှင့် စီးပွားရေးအလားအလာနှင့်အတူ နှစ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေး၊ ပြုပြင်ထုတ်လုပ်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ကုန်သွယ်ခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှုဆက်လက်တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ပါသည်။ လတ်တလောတွင် ဘရာဇီးသည် ဗီယက်နမ်၏ အကြီးမားဆုံးပဲပိစပ် ‌ရောင်းချသူအဖြစ်ရပ်တည်နေပြီး စုစုပေါင်း တင်သွင်းမှု၏ ၅၇.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတွင် ဗီယက်နမ် သည် ပဲပိစပ်တန်ချိန် ၁.၈၁ သန်းတင်သွင်းခဲ့ပြီး ဘရာဇီး က ၅၇ ရာခိုင်နှုန်းကျော် ရောင်းချခဲ့ ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)