
ကမ္ဘာ့အကြီးမားဆုံးဆန်တင်သွင်းသည့် ဖိလစ်ပိုင်နိုင်ငံသည် ၎င်း၏ပြည်တွင်းလယ်သမား များကို အထောက်အကူပြုရန်အတွက် တင်သွင်းမှုကိုထိန်းချုပ်နေစဥ်တွင် အိန္ဒိယနိုင်ငံမှ ပေါများစွာ စပါးရိတ်သိမ်းမှုကြောင့် အာရှရှိဆန်စျေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သိရပါသည်။ အချိုတင်သွင်းသူများသည် ၃ လ မှ ၅လကြာ စားသုံးနိုင်သော ဆန်ဂိုဒေါင်များရှိနေကြောင်း ဒုတိယခေါင်းဆောင် Nitin Gupta က အနောက်အာဖရိကနိုင်ငံများကို ကိုးကာ၍ ပြောကြားခဲ့ပါသည်။ အာရှနိုင်ငံများ၏ စံသမှတ်စျေးနှုန်းသည် ၁၀ နှစ်တာကာလအတွင်းအနှိမ့်ဆုံးသို့ရောက်ရှိခဲ့ပြီး ၎င်းကြောင့် အိမ်တွင်းဘတ်ဂျက်များအတွက် သက်သာမှုများရှိခဲ့သော်လည်း လယ်သမားများ၏ ဝင်ငွေကို ထိခိုက်မှုများရှိနေကြောင်း သိရပါသည်။ ကမ္ဘာ့ထိပ်သီးဝယ်ယူသည့်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် ၎င်းနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းကို အထောက်အကူပြုရန်အတွက် နိုင်ငံခြားမှ ဝယ်ယူမှုများ ပိတ်ပင်မှုကို ဧပြီလအထိ ဆက်လက်သက်တမ်းတိုးချဲ့လိုက်ကြောင်း သိရပါသည်။ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောထိုင်းနိုင်ငံ ဆန်တင်ပို့သူများအဖွဲ့အစည်း၏ ထုတ်ပြန်ချက်များအရ ထိုင်းနိုင်ငံ၏ ဆန်ဖြူစံစျေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၁ အထိ ၅ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နိုင်ငံနှင့် မြန်မာနိုင်ငံမှ ဆန်စက်ရုံများသည် အိန္ဒိယနိုင်ငံမှထွက်ရှိသော ဆန်စျေးနှုန်းများထက် ၃ ရာခိုင်နှုန်း အလျော့ပေး၍ ရောင်းချမှုကို ကမ်းလှမ်းချက်များရှိနေကြောင်း Gupta က New Delhiတွင် ပြုလုပ်သော ညီလာခံ၏ သီးသန့်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ ကမ္ဘာ့ ဆန်ထွက်ရှိမှုကို ၂၀၂၅ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်းတွင် တန်ချိန်ပေါင်း ၅၅၆.၄ သန်းတန်ခန့် ရောက်ရှိရန် ခန့်မှန်းလျက်ရှိကြောင်းနှင့် အရှေ့တောင်အာရှနိုင်ငံများရှိ လယ်သမားများသည် ၎င်းတို့၏ ကောက်ပဲသီးနှံများကို စက်တင်ဘာလ နောက်ပိုင်းတွင် စတင်ရိတ်သိမ်းမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်အဆုံးတွင် စုဆောင်းမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
