
မလေးရှားနိုင်ငံ၏ ဟင်းချက်ဆီတင်ပို့မှုသည် Johor ရှိ လေယာဥ်ဆီစက်ရုံ (SAF) မှ ထုတ်လုပ်မှု အရှိန်မြှင့်တင်နေသောကြောင့် ဖိအားများနှင့် ရင်ဆိုင်ရနိုင်ကြောင်း မလေးရှားနိုင်ငံ၏ စိုက်ပျိုးရေးနှင့်လူသုံးကုန်ပစ္စည်းဆိုင်ရာ ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါသည်။ လက်ရှိတွင် ပြည်တွင်းထုတ်လုပ်သူများသည် တစ်နေ့လျှင် တန်ချိန်ပေါင်း ၃၅၀၀၀၀ တန်ခန့်ထွက်ရှိရန် ပြုလုပ် လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာတင်ပို့မှုလမ်းကြောင်းများမှတစ်ဆင့် အမြတ်ငွေများရရှိရန် ဟင်းချက်ဆီများကို တင်ပို့လျက်ရှိကြောင်း Datuk Chan Foong Hin ကပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံစားအုန်းဆီဘုတ်အဖွဲ့ (MPOB) ၏ထုတ်ပြန်ချက်များအရ မလေးရှားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဟင်းချက်ဆီတန်ချိန်ပေါင်း ၃၁၀၃၆၈ တန်ခန့်တင်ပို့ခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် တန်ချိန်ပေါင်း ၄၆၅၂၅၇ တန်အထိ တင်ပို့မှုမြင့်တက်ခဲ့ကြောင်းသိရပါသည်။ မလေးရှားနိုင်ငံ စားအုန်းဆီအဓိကတင်ပို့သည့်နိုင်ငံသည် စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန်ပေါင်း ၂၈၄၁၁၆ တန်ခန့်တင် ပို့နိုင်ခဲ့ရာ၊ ဒုတိယအများတင်ပို့သည့်နိုင်ငံသည် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများ ဖြစ်ကြောင်း သိရပါသည်။ Chan က ပြည်တွင်းလိုအပ်ချက်များ ပြည့်မှီရန်အတွက် ဟင်းချက်ဆီ စုဆောင်းမည့် အဆောက်အဦများကို ချဲ့ထွင်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဇီဝဒီဇယ် အတွက်လည်း Chan က ထုတ်လုပ်ရေးများကို လာမည့်နှစ်တွင် တည်ငြိမ်ရန်မျှော်မှန်းကြောင်းနှင့် ပြည်တွင်းသုံးစွဲမှုတွင် သင့်တင့်သောမြင့်တက်မှုများရရှိရန် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ အတွက် ဇီဝဒီဇယ် ၁၀ ရာခိုင်နှုန်းလျက်ရှိ ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
