၂၀၂၅ ခုနှစ်အစမှ အောက်တိုဘာလ ၁၅ ရက်‌နေ့အထိတွင် တင်ပို့မှု စံချိန်တင်ခဲ့သည့်ဗီယက်နမ်

Powered by Drupal

  ဗီယက်နမ်လုပ်ငန်းများသည် များစွာသောဧရိယာများတစ်လျှောက်တင်ပို့မှုစံချိန်တင်ခဲ့ပြီး ကုန်သွယ်ရေးတိုးချဲ့နိုင်ရုံသာမက ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှုကွင်းဆက်တွင် ဗီယက်နမ်၏ တည်ရှိမှုကို အားသစ်လောင်းနိုင်ခဲ့ကြောင်း သိရပါသည်။ နှစ်အစမှ အောက်တိုဘာလ ၁၅ ရက်နေ့ အထိတွင် ကွန်ပြူတာနှင့် အီလတ်ထရောနစ်အုပ်စုတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၈၂ ဘီလီယံရရှိခဲ့ပြီး အောက်တိုဘာလကုန်တွင် အမေရိကန်ဒေါ်လာ ၈၆ ဘီလီယံရရှိရန်ခန့်မှန်းရ ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍မှာယူမှုများမြင့်တက်ခဲ့ခြင်းက ထိုအုပ်စု အား တင်ပို့မှုကြီးထွားရေးတွင် အဓိကမောင်းနှင်အားဖြစ်လာရန်ကူညီပေးနိုင်ခဲ့ကြောင်း သိရပါ သည်။ ထိုကာလအတွင်း စက်ပစ္စည်း၊ စက်အစိတ်အပိုင်း၊ ကိရိယာများနှင့် အပိုပစ္စည်းမျာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၅ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအဓိကစက်မှုကဏ္ဍ ၂ ခု၏စွမ်းဆောင် ရည်အားကောင်းခြင်းကတင်ပို့မှုစဉ်ဆက်မပြတ်ကြီးထွားရေးတွင် သိသာထင်ရှားစွာပံ့ပိုးပေးနိုင်ခဲ့ ကြောင်း သိရပါသည်။ တင်ပို့သည့်ပမာဏနှင့် တန်ဖိုးနှစ်ခုစလုံးမြင့်တက်ခဲ့သည့် ကော်ဖီကြောင့် စိုက်ပျိုးရေးကဏ္ဍမှာလည်း အားကောင်းခဲ့ကြောင်း သိရပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့ အထိတွင် ဗီယက်နမ်သည် ကော်ဖီတန်ချိန် ၁.၂၇ သန်းတင်ပို့ရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ကော်ဖီပျမ်းမျှတင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်‌ဒေါ်လာ ၅၆၅၈ ထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၄၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း သိရပါသည်။ ဥရောပသည် ဗီယက်နမ်ကော်ဖီအကြီးမားဆုံးဝယ်ယူသူဖြစ်ပြီး အမေရိကန် ဒေါ်လာ ၄ ဘီလီယံကျော်တန်ဖိုးရှိသော ကော်ဖီတန်ချိန် ၇၁၀၀၀၀ ကို တင်သွင်းခဲ့ကြောင်း သိရပါ သည်။  ဆန်၊ သီဟိုဠ်စေ့များနှင့် သစ်သီးများ အစရှိသည့် အခြားစိုက်ပျိုးရေးထုတ်ကုန်များသည် လည်း မျိုးဆက်သစ်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များထံမှ အကျိုးကျေးဇူး ရရှိခဲ့ကြောင်း သိရပါသည်။ များစွာသောကုမ္ပဏီများသည် ဥရောပသမဂ္ဂ၊ ဂျပန်၊ ‌တောင်ကိုရီးယား နှင့် ကနေဒါကဲ့သို့သော ဝယ်လိုအားကောင်းသည့်ဈေးကွက်များတွင် ဗီယက်နမ်ကုန်စည်များ၏ တည်ရှိမှုကို တိုးချဲ့ရန်အတွက် စံနှုန်းသတ်မှတ်ချက်လုပ်ငန်းစဉ်များကိုက်ညီရန်ကြိုးပမ်းလျှက်ရှိ ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)