
တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုတွင် သိသာ ထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် အေအိုင်ခေတ်တစ်ခေတ်ကို ဖွင့်လှစ်တော့မည်ဟု နိုဝင်ဘာ ၄ ရက်က ကတိပြုပြောကြားခဲ့သည်။
အမျိုးသားညီလာခံ ဘတ်ဂျက်မိန့်ခွန်းတွင် မိမိတို့အစိုးရသည် ၂၀၂၆ ဘတ်ဂျက်တွင် ၇၂၈ ထရီလီယံ ဝမ် တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်နှိုင်းယှဉ်လျှင် ၈ ဒသမ ၁ ရာခိုင်နှုန်း တိုး လာမည်ဖြစ်ကြောင်း လီက ပြောသည်။ ကမ္ဘာ့ထိပ်တန်း အေအိုင်နိုင်ငံကြီး သုံးခု တွင် တစ်နိုင်ငံဖြစ် စေရန် အေအိုင်နည်းပညာသစ်တွင် ရင်းနှီးမြှုပ်နှံမှုသည် လာမည့်နှစ်တွင် ဝမ် ၁၀ ဒသမ ၁ ထရီလီ ယံအထိ တိုးမြှင့်ခွဲဝေချထားမည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် သုံးဆ ကျော်ပိုများ ကြောင်း လီက ဆက်လက်ပြောကြားသည်။
သမားရိုးကျလက်နက်စနစ်များကို အေအိုင်ခေတ်နှင့်သင့်တော်သည့် ခေတ်မီလက်နက်များ အဖြစ် ပြန်လည်ဖွဲ့စည်းရန်နှင့် AI နှင့် သက်ဆိုင်သော အခြေခံအဆောက်အအုံများ တည် ဆောက်ရန်နှင့် အရည်အချင်းများမွေးမြူရန် သမ္မတက ကတိပြုခဲ့သည်။
Source: ဆင်ဟွာ
DOCA(ပြည်ထောင်စုနယ်မြေ)
