ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံအပြန်အလှန်စီးပွားရေးဆက်ဆံရေးကို ပိုမိုအားစိုက်တော့မည့် အမေရိကန်နိုင်ငံ

Powered by Drupal

         အမေရိကန်နိုင်ငံသည် အခြားသော လုပ်ဆောင်မှုများအကြားတွင် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံအပြန်အလှန်စီးပွားရေးဆက်ဆံရေးကို ပိုမိုအလေးထားနေပြီဖြစ်ကြောင်း ဒါကာရှိ အမေရိကန်သံရုံးမှ Tracey Ann Jacobson က ပြောကြားခဲ့ပါသည်။ ၎င်းက အမေရိကန်နိုင်ငံ ပဲပိစပ် တင်ပို့ရေးကောင်စီ (USSEC) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြည်တွင်းကုမ္ပဏီများဖြစ်သော  KGS Group နှင့် Mahhub Group တို့သည် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၎င်းက အမေရိကန်နိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်သွင်းရန် အားစိုက်နေကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း အမေရိကန်နိုင်ငံ လူသုံး ကုန်ပစ္စည်းများတင်သွင်းခြင်းကို မြှင့်တင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Jacobson က အမေရိကန်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၇၉ သန်းခန့် တန်ကြေးရှိသော စိုက်ပျိုးရေးထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် အမေရိကန်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်ရောက်အောင် တင်ပို့မည်ဖြစ်ကြောင်း နှင့် သဘောတူညီမှုအခမ်းအနားသည်လည်း အဆိုပါရည်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ သန်းခန့်တန်ကြေးရှိသော ပဲပိစပ်များကို အမေရိကန်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀ သန်းတန်ကြေးရှိသော ပဲပိစပ်များကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၆ သန်းခန့်တန်ကြေးရှိသော ပဲပိစပ်များကို တင်သွင်းနိုင်ရန် ၎င်းက မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် ၎င်းအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငါးလုပ်ငန်းနှင့် ကျွဲနွားမွေးမြူရေးသမားများအတွက် အလွန်အထောက်အကူ ပြုသော အရည်အသွေးမြင့် ပဲပိစပ်များကို ထုတ်လုပ်နေသော USSEC နှင့်အတူ တင်သွင်းမှုများကို ဆက်လက်တိုးတက်ရန်မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)