
တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သော AeroSynth Limited သည် Mirsharai ရှိ Bepza စီးပွားရေးဇုန်တွင် အမေရိကန်ဒေါ်လာ ၃.၅ သန်းတန်ကြေးရှိသော ဒရုန်းထုတ်လုပ်သည့် စက်ရုံအား တည်ဆောက်ရန် ကြေညာလိုက်ကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီသည် နှစ်စဥ် ဒရုန်းပေါင်း ၁၅၀၀၀၀ ခန့် ထုတ်လုပ်ရန်စီစဥ်နေလျက်ရှိပြီး ကလေးကစားစရာဒရုန်းများ၊ ငါးဖမ်းခြင်းနှင့် ထုတ်ကုန်ပို့ဆောင်ရေးအတွက် ပေါ့ပါးသော ဒရုန်းများကိုပါ ထုတ်လုပ်ရန်စီစဥ်နေ ကြောင်း သိရပါသည်။ သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ချက်အရ အဆိုပါစီမံကိန်းတွင် လူပေါင်း ၇၀ ဦးအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံပို့ကုန်ထုတ်လုပ်ရေးဇုန်အဖွဲ့အစည်း (Bepza) မှအဖွဲ့ဝင်ဆိုသူ Md Ashraful Kabir နှင့် AeroSynth Limited မှကိုယ်စားပြုဆိုသူ Hu Dandan တို့သည် နိုဝင်ဘာလ ၆ ရက်နေ့ တွင် ဒါကာရှိ Bepza Complex တွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Bepza မှ ဥက္ကဌဆိုသူ Maj Gen Mohammad Moazzem Hossain က အဆင့်မြင့်စွန့်ဦးစီးပွားရေး လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရန် Bepza စီးပွားရေးဇုန်အားရွေးချယ်ခြင်းအတွက် AeroSynth Limited အား အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် Bepza စီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသော ဒုတိယမြောက် ဒရုန်းထုတ်လုပ်ရေးစီမံကိန်းဖြစ်ကြောင်း သိရပါသည်။ စက်တင်ဘာလအထိ Bepza Ez တွင် ကုမ္ပဏီ ၆ ခုမှ ထုတ်လုပ်မှုများစတင်ခဲ့ပြီး ကုန်ပစ္စည်းများကိုလည်း စတင်တင်ပို့ခဲ့ကြောင်း သိရပါသည်။ အဆိုပါစက်ရုံများမှ အလုပ်သမား ၄၀၀၀ ဦးရေအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉.၉၂ သန်း တန်ကြေးရှိသော ကုန်ပစ္စည်းတင်ပို့မှုများ ရှိခဲ့ကြောင်း သိရပါသည်။ သတင်းစာရှင်းလင်းပွဲမှ ထုတ်ပြန်ချက်များအရ များစွာသောကုမ္ပဏီများသည် ထုတ်လုပ်ရေးလုပ်ငန်းစဥ်များစတင်ရန် အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်းကိုလည်း သိရပါသည်။
Source: The Daily Star
DOCA (ရန်ကုန်)
