
အင်ဒိုနီးရှားသည် ၂၀၂၀ ခုနှစ်မေလမှစ၍ ၆၅ လဆက်တိုက်ကုန်သွယ်ရေးပိုငွေရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိတွင် စံချိန်တင် အမေရိကန်ဒေါ်လာ ၃၃.၄၈ ဘီလီယံရရှိခဲ့ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံစာရင်းအင်းရုံး (BPS) ၏ အဆိုအရသိရပါသည်။ BPS ၏ဖြန့်ချိရေးနှင့် ဝန်ဆောင်မှုစာရင်းအင်းရုံး ဒုတိယအကြီးအကဲ Pudji Ismartini က ၂၀၂၅ ခုနှစ် ပထမ ၉ လတာကာလကုန်သွယ်ရေးပိုငွေရရှိမှုသည် ၂၀၂၄ ခုနှစ် တူညီသည့် ကာလနှင့်နှိုင်းယှဉ် ပါက အမေရိကန်ဒေါ်လာ ၁၁.၄ ဘီလီယံမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှား သည် ယခုနှစ်အစမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ ၂၀၉.၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၇၆.၃၂ ဘီလီယံတန်ဖိုးတင် သွင်းခဲ့ကြောင်း သိရပါသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၇.၅ ဘီလီယံတန်ဖိုးတင်ပို့ခဲ့သည့် ကုန်ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်ကြောင့် ထိုကိုးလတာကာလတင်ပို့မှုတန်ဖိုးသည် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၈.၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုကာလအတွင်း အင်ဒိုနီးရှား၏ရေနံနှင့် ဂတ်စ် မဟုတ်သည့်ပို့ကုန်များအတွက် အဓိကဈေးကွက်များမှာ တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ အာဆီယံ နိုင်ငံများနှင့် ဥရောပသမဂ္ဂတို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဇန်နဝါရီလမှ စက်တင်ဘာလအထိတင်သွင်းမှုမှာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလထက် ၂.၆၂ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး အကြီးမားဆုံးသွင်းကုန်များမှာ မတည်ကုန်ပစ္စည်းများဖြစ်ကြောင်း သိရပါသည်။ ထို ၉ လတာ ကာလအင်ဒိုနီးရှား၏သွင်းကုန်များတွင် raw or auxiliary ပစ္စည်းများ( အမေရိကန်ဒေါ်လာ ၁၂၄.၄ ဘီလီယံ)၊ မတည်ကုန်ပစ္စည်းများ (အမေရိကန်ဒေါ်လာ ၃၅.၉ ဘီလီယံ)နှင့် စားသုံးကုန် ပစ္စည်းများ (အမေရိကန်ဒေါ်လာ ၁၆.၀၂ ဘီလီယံတို့ဖြစ်ကြောင်း သိရပါသည်။ စက်တင်ဘာလ တစ်လတည်းတွင် အင်ဒိုနီးရှားသည် အမေရိကန်ဒေါ်လာ ၂၄.၆၈ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၂၀.၃၄ ဘီလီယံတန်ဖိုးတင်သွင်းခဲ့သည့်အတွက် ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၄.၃၄ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)
