ဂျုံစေ့သီးနှံကိုစားသုံးခြင်းဖြင့်အူမကြီးကင်ဆာရောဂါကိုလျော့ချပေးကြောင်း

Powered by Drupal

                           ဂျုံစေ့သည် လူသားများအတွက်အရေးပါသော အပင်တစ်မျိုးဖြစ်ပြီး အာဟာရပြည့်ဝသော စားစရာအဖြစ် စားသုံးကြကြောင်း၊  ဂျုံစေ့ကို ဂျုံခွံ၊ ဂျုံအစေ့အတွင်းသားနှင့် ဂျုံအစေ့အဆံဆိုပြီး အပိုင်းသုံးပိုင်းခွဲခြားထားကြောင်းသိရှိရသည်။ ဂျုံစေ့ကိုစားသုံးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ အစာခြေစနစ်ကိုကျန်းမာစေပြီး အမျှင်ဓာတ်သည် အူမကြီးလှုပ်ရှားမှု ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးကြောင်း၊ အူကျန်းမာစေရန် အူထဲကအကျိုးပြု ဘက်တီးရီးယား တွေအတွက် အစာဖြစ်စေကာအူကျန်းမာရေးကို မြှင့်တင်ပေးကြောင်း၊ အာဟာရ ဓာတ်များစွာပါဝင်ပြီးဗီတာမင်ဘီသည် ခန္ဓာကိုယ်အတွက်စွမ်းအင်ထုတ်လုပ်၍ အာရုံကြောစနစ် ကောင်းမွန်ရန် အထောက်အကူပြုကြောင်း၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ဇင့်ဓာတ်နှင့် ဆီလီနီယမ်ဓာတ်တို့ ပါဝင်သော ကြောင့် ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေး၍ ကိုယ်ခံအားကိုမြှင့်တင်ပေးကြောင်း၊ ဂျုံခွံတွင်ပါဝင်သော အမျှင်ဓာတ်များသည် သွေးတွင်းကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါနှင့် လေဖြတ်ခြင်းများရေးကို ကာကွယ်ပေးကြောင်း၊ ဂျုံစေ့တွင် အမျှင်ဓာတ်များပြားစွာပါဝင်၍ ကစီဓာတ်စုပ်ယူမှုကို နှေးကွေးစေပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို တဖြည်းဖြည်း လျော့ချပေး၍ ဆီးချိုရောဂါကိုထိန်းညှိပေးကြောင်း၊ အမျှင်ဓာတ်များသောကြောင့် ဗိုက်ပြည့်တင်းပြီး ကယ်လိုရီနည်းသောကြောင့်  ကိုယ်အလေးချိန် ထိန်းသိမ်းရန် အထောက်အကူပြုကြောင်း၊ ဖြည့်စွက်ထုတ်လုပ်ထားသော Value added ထုတ်ကုန်များဖြစ်သော ပေါင်မုန့်အဖြူ၊ ကိတ်မုန့်၊ ဘီစကွတ်စသောဂျုံဖြူဖြင့် ပြုလုပ်ထားသောထုတ်ကုန်များတွင် သွေးတွင်းသကြားဓာတ် ကိုမြင့် တက်စေနိုင်ကြောင်း၊ ဂျုံသီးနှံကို စက်ကြိတ်ခြင်းကြောင့် ရရှိသော ဂျုံမှုန့်သည် ဗီတာမင်နှင့် အာဟာရဓာတ်တစ်ချို့ဆုံးရှုံးသော်လည်း သဘာဝဂျုံစေ့အကြမ်းအခွံခြောက်ထားသည့် ဂျုံသည် အာဟာရတန်ဖိုးများစွာရှိကြောင်း၊ ဂျုံစေ့သီးနှံအာဟာရသည်ခန္ဓာကိုယ်အတွက် ခွန်အား၊ စွမ်းအင် ပေးပြီး နှလုံးနှင့် ဆီးချို၊အဆစ်ရောင်ရောဂါနှင့် အစာအိမ်ရောဂါများကိုကာကွယ်ပေးကြောင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းမှန်စေပြီး ဝမ်းချုပ်ခြင်းကိုကင်းဝေးစေကာ ဂျုံသီးနှံကို စားသုံးခြင်းဖြင့် အူမကြီးကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ချပေးကြောင်း စာပေများမှ လေ့လာ သိရှိရသည်။ မြင်းခြံဈေးကွက်၌ ရောင်းချနေသော ဂျုံစေ့တစ်ပြည်လျှင် (၆၀၀၀)ကျပ်ခန့် ပေါက်ဈေး များဖြင့်ရောင်းချကြောင်းသိရှိရသည်။

DOCA(မန္တလေး)