
ကနဖော့ပင်သည် မြန်မာနိုင်ငံနေရာအနှံအပြားတွင် အလေ့ကျပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပြီး ကန်စွန်းရွက်လို ရေထဲမှာပေါက်ရောက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ကြောင်း၊ အပင်၏ ပဉ္စငါးပါးလုံးဆေးဖက်ဝင်သော်လည်း ကနဖော့ရွက်ကို အသုံးပြုများ ပြားကြောင်း သိရှိရသည်။ အရွက်ကိုကြိတ်၍ ဦးခေါင်းတွင် အုံပေးခြင်းဖြင့်ဦးနှောက် ပူခြင်းကိုသက်သာ၍ အေးစေပြီး အရေပြားနှင့် အကြောရောဂါများအတွက်လည်း စားသုံးပါကသက်သာစေကြောင်း၊ အရွက်ကိုနွားနို့နှင့်ဖြစ်စေ၊ ဆိတ်နို့နှင့်ဖြစ်စေ သောက်သုံးပေးခြင်းဖြင့် ဆီးပူညောင်းကျနာကို ပျောက်ကင်းစေကြောင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်းများဖြစ်ခဲ့သော် ကနဖော့ရွက်ပြုတ်ကို တို့စား၍ သော်လည်းကောင်း၊ အရွက်ပြုတ်ရည်ဖြင့် ချွေးအောင်းပေးပါကလည်း ဖောရောင်ခြင်းများ ကို သက်သာပျောက်ကင်းကြောင်း၊ ၎င်းအပင်၏ပဉ္စငါးပါးကိုပြုတ်၍ အရည်ကိုပျားရည်နှင့် ရောသောက် ပါက ကျောက်ရောဂါကို သက်သာပျောက်ကင်းကြောင်း၊ ကနဖော့ပင်တစ်ပင်လုံး၏ ပဉ္စငါးပါးကို မုန်ညင်းဆီထည့်၍ပြုတ်ပြီး ဆားအနည်းငယ်ထည့်သောက်ခြင်းဖြင့် အသည်းအားနည်းသော ရောဂါ များ ပျောက်ကင်းကြောင်း၊ ဗီတာမင်စီပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး ဖျားနာခြင်း၊ အအေးမိခြင်း၊ စိတ်ဖိစီးမှုကြောင့် နေထိုင်မကောင်းဖြစ်ခြင်းများကို သက်သာပျောက်ကင်းကြောင်း၊ ကျောက်ကပ်အညစ်ကြေးများကိုလည်း ထိထိရောက်ရောက်သန့်စင်ပေကြောင်း၊ ဆီးသွားရခတ်နေ သူများ ကနဖော့ရွက်ကိုသုတ်စားခြင်းဖြင့် ဆီးရွှင်စေကြောင်း၊ အမျှင်ဓာတ်ပါဝင်ခြင်းကြောင့် အဆာခံ နိုင်စေပြီး ကယ်လိုရီနှင့် အဆီဓာတ်ပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပြီး ဝိတ်ကျစေရန်အထောက်အကူပြုကြောင်း လေ့လာဖတ်ရှု့ရသည်။၂၀၂၅ခုနှစ်၊အောက်တိုဘာလတတိယပတ်တွင်ကနဖော့ရွက်လက်ဆုပ်တစ်စည်းလျှင် (၅၀၀)ကျပ်ခန့်ပေါက် ဈေးများဖြင့်ရောင်းချကြောင်းသိရှိရသည်။
DOCA(မန္တလေး)
