
မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း၊ ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍ ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ဆောင်းကြက်သွန်နီများကိုဧပြီလမှစက်တင်ဘာလအထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ(၆)လကြာသိုလှောင်နိုင်၍ ဒီဇင်ဘာလတွင်ဆောင်းကြက်သွန်နီများ ရာသီချိန်ကုန်ဆုံးမည် ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံမြို့ရှိ ပွဲရုံများတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလတတိယပတ်၌ ရောင်းချလျှက် ရှိသော ကြက်သွန်နီကြီးစတစ်ပိဿာလျှင်(၉၀၀-၁၀၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၇၀၀-၈၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါကယခုလတွင်ဆောင်းကြက်သွန်နီ ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် အရည်အသွေးကျဆင်းပြီး ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်းသိရှိရသည်။စိုက်ပျိုးထွက်ရှိရာကျေးရွာများမှမြို့ပေါ်ရှိပွဲရုံများသို့နေ့စဉ်ကုန်ချိန် (၅၀၀၀၀-၇၀၀၀၀) ပိဿာခန့် တောင်သူများကိုယ်တိုင်လာရောက် ရောင်းချကြောင်း၊ ထိုပွဲရုံများမှ တဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များသို့တင်ပို့ကြောင်း၊ ယခု အောက်တိုဘာလ၊ တတိယပတ်တွင်ကုန်ချိန်ပေါင်း (၁၈၇၃၉၁) ပိဿာခန့်၊ တန်ချိန် (၃၀၆) တန် တင်ပို့နိုင်ခဲ့ကြောင်း ကြက်သွန်အရောင်းအဝယ် လုပ်ကိုင်သူကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
