
မြင်းခြံမြို့နယ်ရှိ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသောခရမ်းသီးများကို ဈေးကွက်လိုအပ်ချက်အရ ပုပ္ပါးမြို့နှင့် ကျောက်ဆည်မြို့တို့မှ မှာယူရောင်းချကြောင်း၊ လက်လီလက်ကားရောင်းချသော အေးမြသီတာဈေးတွင် စားဖိုဆောင် အုပ်စုဝင်သီးနှံဖြစ်သော ခရမ်းသီးများကို မှာယူ၍ဒေသတွင်းတင်သွင်း ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ ယခင်စက်တင်ဘာလ တတိယပတ်တွင် ခရမ်းသီးတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့်ပေါက်ဈေးများ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခုလတွင် ယခင်လထက် ခရမ်းသီး တစ်ပိဿာလျှင်(၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများတက်ခဲ့ကြောင်း၊ထိုသို့ဈေးနှုန်းမြင့်တက်ခဲ့ခြင်းမှာဒေသထွက်ခရမ်းသီးများ ထွက်ပေါ်ချိန်ကုန်ဆုံးပြီး ရှားပါးလာသောကြောင့် ဈေးနှုန်းများမြင့်တက်ခဲ့ ခြင်းဖြစ်ကြောင်း၊ စားဖိုဆောင်ခရမ်းသီးသည် အိမ်ရှင်မများဝယ်ယူစားသုံးမှုများ၍ အရောင်း အဝယ်ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်ပိဿာ (၃၀-၄၀)ခန့်ရောင်းချရကြောင်း ကုန်စိမ်းရောင်းချ သူ၏ ပြောပြချက်အရသိရှိရသည်။
DOCA(မန္တလေး)
