နေကြာစေ့အကြောင်း

Powered by Drupal

       နေကြာစေ့သည် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိပြီး စားသုံးခြင်းဖြင့် နေကြာစေ့တွင် ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ပရိုတိန်းဓာတ်နှင့် မပြည့်ဝဆီများ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကိုကောင်းမွန်စေပြီး အသားအရေကို နူးညံ့ပျော့ပျောင်း စေ၍  နှလုံးရောဂါကို ကာကွယ်ပေးသလို ကိုလက်စထ‌ရောကိုလျော့ချပေး၍ သွေးကြောကျန်းမာ ရေးကို ထောက်ပံ့ပေးကြောင်း၊ ဆံပင်ရှည်ခြင်း၊ အစိုဓာတ်ထိန်းသိမ်းခြင်းနှင့်  ဆံပင်နီကြောင် ခြင်းများကိုလဲတားဆီးပေးကြောင်း၊ အမျိုးသမီးများအတွက် ‌ဟော်မုန်းမျှတမှုကို ထိန်းညှိပေးသောကြောင့် အရိုးများကိုသန်မာစေကြောင်းသိရှိရသည်။ ပရိုတိန်းနှင့် အမျှင်ဓာတ် များကြောင့် အစာချေမှုကို အားကောင်းစေပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရာတွင် အထောက်အကူပြုကြောင်း၊ သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးနိုင်သဖြင့် ဆီးချိုရောဂါရှိသူများစားသုံးပါက ကာကွယ် ပေးကြောင်း၊ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်သဖြင့် အမျိုးသားများစားသုံးပါက သုပ်ပိုးအရည်အသွေး မြှင့်တင်ရာတွင် အထောက်အကူဖြစ်ပြီး စိတ်ဖိစီးမှုလျော့ချခြင်းနှင့် စားဝင်အိပ်ပျော်ကြောင်း၊ ကိုယ်အလေးချိန်ထိန်းသူများအနေဖြင့် နှလုံးနှင့်သွေးကြောကျန်းမာရေးကို အထောက်အကူပြု ကြောင်း၊ နေကြာစေ့များကို သန့်ရှင်းကောင်းမွန်စွာဆေးကြောပြီး၊ ရေနွေးပြုတ်၍ သန့်ရှင်းစွာ ထားကြောင်း၊ ထိုနေကြာစေ့များကို နို့၊ဆား၊ သကြား၊ နွားနို့၊ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့်အတူ လှော်ပါက အနံ့အရသာနှင့်ပြည့်စုံသော နေကြာစေ့လှော်ရရှိကြောင်း၊ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် နေကြာစေ့လှော် (၃၀ဂရမ်) ပမာဏကို စားသုံးခြင်းဖြင့်  ကယ်လိုရီနှင့် အာဟာရဓာတ် များလုံလောက်စွာ ပေးနိုင်သောကြောင့်  သွေးတွင်းအဆီကိုဖယ်ရှားပေးပြီး အသားအရေကျန်းမာရေး အတွက် အကောင်းဆုံးဖြစ်သောကြောင့် စားသုံးသင့်ကြောင်း စာပေများ မှဖတ်ရှု့သိရှိရသည်။

DOCA(မန္တလေး)