
ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ကျင်းပခဲ့သည့် Autumn Fair 2025 သည် စံချိန်တင်လည်ပတ်သူအရေအတွက်ရရှိခဲ့ပြီး ဝယ်ယူနိုင်စွမ်းသိသာစွာမြင့်တက်ခဲ့ကာ ပါဝင်ဆင်နွှဲသည့် စီးပွားရေးလုပ်ငန်းများလည်း ဝင်ငွေအများအပြားရရှိခဲ့ကြကြောင်း သိရပါသည်။ ထို့ပြင် ၎င်းပြပွဲသည် ကုမ္ပဏီများအတွက် ၎င်းတို့၏ထုတ်ကုန်များပြသရန်၊ စားသုံးသူများနှင့်ချိတ်ဆက်ရန်နှင့် ပြည်တွင်းနှင့် ပြည်ပမိတ်ဖက်များနှင့် ကွန်ယက်ချိတ်ဆက်ရန်အတွက် ရွှေရောင်အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ထိုကနဦးအောင်မြင်မှုများနှင့်အတူ ပြပွဲသည် ပရိုဖက်ရှင်နယ်ကုန်သွယ်မှုမြှင့်တင်ရေး အခမ်းအနားအဖြစ် ၎င်းတို့ပုံရိပ်ကိုကိုယ်တိုင်တည်ထောင်နိုင်ခဲ့ပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ၎င်းတို့ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုပြသရန်နှင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက်သို့ ဝင်ရောက်ရန် စင်မြင့်တစ်ခုအဖြစ်ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ စာရင်းအင်းများအရ ပထမ ၅ ရက်တွင် ပြပွဲသည် နေ့စဉ်လည်ပတ်သူ ရာဂဏန်းမှထောင်ဂဏန်းအကြားကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ Com Moc Huyen ၏ ပိုင်ရှင်ဖြစ်သူက ၎င်းတို့၏ပြခန်းသည် ရက်အနည်းငယ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈၀၀ ရရှိခဲ့ကြောင်းနှင့် ၎င်းတို့သည်အကျိုး အမြတ်ရရှိမှုကြီးမားခဲ့ရုံသာမက ၎င်းတို့၏ရိုးရာ com အမှတ်တံဆိပ်ကို များစွာသောဝယ်ယူသူ အသစ်များထံသို့ မိတ်ဆက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Dong Quang Trading Co.,Ltd မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Doan Phuong Tram က ကုမ္ပဏီ၏ပြခန်းကို များစွာသော နိုင်ငံ တကာမှ လည်ပတ်သူများလာရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လတ်တလောတွင် Dong Quang ၏အဆင့်မြင့်အလူမီနီယံထုတ်ကုန်များသည် အဓိကအားဖြင့် ပြည်တွင်းမှ အရောင်းကိုယ်စားလှယ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်. ကုမ္ပဏီသည် အနီးအနာဂတ်တွင် နိုင်ငံတကာဈေးကွက်များသို့တိုးချဲ့ရန် မျှော်လင့်လျှက်ရှိပြီး ထိုပြပွဲသည်အလားအလာရှိသောမိတ်ဖက်များနှင့်တွေ့ဆုံရန်၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်နှင့် ဗီယက်နမ်၏ အရည်အသွေးမြင့်ပြုပြင်ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို ကမ္ဘာသို့ ပြသရန် အခွင့်အလမ်းကို ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရပါသည်။ ကြီးမှူးကျင်းပသူများ၏အဆိုအရ ပြပွဲသည် စီးပွားရေးကုန်စည်ပြပွဲတစ်ခုသာမက ပို့ကုန်များ၊ သွင်းကုန်များနှင့် နိုင်ငံတကာ စီးပွားရေးပေါင်းစပ်မှုအရှိန်မြှင့်တင်ရန်ရည်ရွယ်သည့် မဟာဗျူဟာမြောက်ကုန်သွယ်မှုမြှင့်တင်ရေး ပွဲအခမ်းအနားဖြစ်ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
