
၂၄.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းဘဲတန်းမြို့နယ်ရှိ အင်းဝမုန့်တိုက်နှင့် Fudo မုန့်တိုက်တို့တွင် ဈေးကွက်မရောက်မီ ထုတ်လုပ်နေသော မုန့်အမျိုးမျိုးတို့၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိတို့အား မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှ ဝန်ထမ်း(၂)ဦးနှင့်အတူ ပူးပေါင်းပါဝင်စစ်ဆေးခဲ့ကြောင်း သိရသည်။
သို့ရာတွင် ၎င်းတို့ထုတ်လုပ်နေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ရောင်းချနေသောကုန်ပစ္စည်း အမျိုးမျိုးတို့တွင် သုံးစွဲသူများအန္တရာယ်မရှိစေရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းမှု၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ပါဝင်ပစ္စည်းစသည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ထည့်သွင်းဖော်ပြရန်လိုအပ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပြီး ဒီဇင်ဘာလထဲတွင် ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
