အပြန်အလှန်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ဗီယက်နမ်နှင့် တရုတ်ကြိုးပမ်း

Powered by Drupal

            ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien သည် တရုတ်နိုင်ငံ စီးပွားကူးသန်းဝန်ကြီး Wang Wentao နှင့်၄၇ ကြိမ်မြောက် အာဆီယံညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတွင် သီးခြားတွေ့ဆုံခဲ့ပြီး အပြန်အလှန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုအရှိန် မြှင့်တင်ရန်အတွက် စီမံချက်များကိုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှုအတွက် ဝန်ကြီး ၂ ဦးသည်ကမ္ဘာလုံးဆိုင်ရာမသေချာမရေမှုများကြား ညှိနှိုင်းဆောင်ရွက်မှုမြှင့်တင်ရန်သဘော တူညီခဲ့ကြကြောင်း သိရပါသည်။ Dien က ဗီယက်နမ်သည် စီစဉ်ထားသည့် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်ရေးဧရိယာကို အဆင့်မြှင့်တင်ရန်အတွက် ညှိနှိုင်းချက်မှတ်တမ်း လက်မှတ်ရေးထိုးရန်အတွက် ပြည်တွင်းလုပ်ငန်းစဉ်များ ပြီးမြောက်နေပြီဖြစ်ကြောင်းနှင့် ဗီယက်နမ်သည် စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများအကျိုးအမြတ်ရှိစေရန်အတွက် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်တို့နှင့် အနီးကပ်လုပ်ဆောင်သွားမည်ဟု ကတိပြုကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်သည် ဗီယက်နမ် ၏အရေးပါဆုံးကုန်သွယ်ရေးမိတ်ဖက်များထဲမှတစ်ခုဖြစ်ပြီး အဓိကပို့ကုန်ဈေးကွက်နှင့် သွင်းကုန် ဈေးကွက်တစ်ခုအဖြစ်ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၅.၂ ဘီလီယံထိရောက်ရှိခဲ့ပြီး မှတ်တိုင်သစ်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၈ လတာကာလတွင်ဗီယက်နမ်မှ တရုတ်သို့ တင်ပို့မှုမှာ ၉.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တရုတ်သို့ ဗီယက်နမ်၏အဓိကပို့ကုန်များတွင် ဆန်၊ ကော်ဖီ၊ သီဟိုဠ်စေ့များနှင့် သစ်သီးများအစရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ ပင်လယ်စာ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ အဝတ်အထည်-အထည်အလိပ်၊ ရာဘာနှင့် ရေနံစိမ်း တို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တရုတ်ထံမှ ဗီယက်နမ်၏ အဓိကသွင်းကုန်များတွင် စက်ပစ္စည်းများ၊ စက်မှုလုပ်ငန်းသုံးတပ်ဆင်ပစ္စည်းများ၊ ကုန်ထုတ်လုပ်သည့်ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများနှင့် အီလတ်ထရောနစ်ပစ္စည်းများပါဝင်ကြောင်း သိရပါသည်။ ကွဲပြားသည့် ကုန်သွယ်ရေးတည်ဆောက်ပုံသည် နှစ်နိုင်ငံစလုံးအား ၎င်းတို့၏သက်ဆိုင်ရာအားသာချက်များကို ခြေကုပ်ယူကာ ဝေမျှသည့်စီးပွားရေးကြီးထွားမှုကို ဖန်တီးပေးကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)