မင်္ဂလာဒုံမြို့နယ်၌ စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၂)ဦးတို့သည် (၃၀.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့် ရတနာဈေးရှိ ရုံ(ခ)၊ အမှတ်(၇၇/၇၈)ရှိ ဦးဇော်ဇော်စားအုန်းဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ထောက်ကြန့်ရတနာဈေးစည်ပင်များမှ ပူးပေါင်းပါဝင်လျက် မိမိရရှိသောခွဲတမ်းကို စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လကို (၂)ပိသာနှုန်းပေးပါကြောင်း၊ နေ့စဉ်ရပ်ကွက်အပိုင်းအလိုက် ရောင်းပေးလျက်ရှိပါကြောင်း၊ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချပေးလျက်ရှိပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်းမရှိပါကြောင်း လက်ကျန်များလည်း မထားရှိဘဲ တစ်နေ့စာတစ်နေ့ကုန်အောင် ရောင်းချပေးပါကြောင်းနှင့် မိမိတို့ ဌာနမှလည်း သတ်မှတ်စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှုမရှိခဲ့လျှင် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)