ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ အဆင်ပြေစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများအား စစ်ဆေးရေးအရာရှိများ ခန့်အပ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ (၂၉.၁၀.၂၀၂၅)ရက်နေ့ နံနက် (၁၃:၂၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် Find Solution & Service Co.,Ltd သို့ သွားရောက်၍ ယနေ့ခေတ်သည် IT ခေတ်ဖြစ်သည့်အတွက် မှော်ဘီမြို့နယ်အတွင်းရှိ လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာ (၁)ခုအား ဝန်ဆောင်မှုဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းတစ်ခုချင်းစီအလိုက် သတင်းအချက်အလက်များအား စားသုံးသူပြည်သူများ သိရှိရန်အတွက် ဆိုရှယ်မီဒီယာများ၌ ဖော်ပြခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဗွီနိုင်းများကပ်၍ကြော်ငြာခြင်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိထားသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့်အချက်(၁၁) ချက်ကို အခြေခံ၍ စားသုံးသူများသို့ ဆက်သွယ်ရေး(အင်တာနက်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များကို ကြိုတင်သတိပေးရန်နှင့် သတင်းအချက် အလက်ပေးထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးစေရန် အဓိကထားစစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ် ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေများဖြင့် အရေးယူသွား မည်ဖြစ်ကြောင်းကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)