
ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်းသည် ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လ အတွင်းတွင် ဧည့်သည် ၂၈.၂ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် လာရောက်လည်ပတ်ခဲ့သည့် စုစုပေါင်းဧည့်သည် ၂၇.၈ သန်းကို ကျော်လွန်ခဲ့ကြောင်း ဒေသတွင်း မီဒီယာ ဖြစ်သော VNExpress က အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဟနွိုင်းခရီးသွားလာရေးဌာနကို ကိုးကား၍ ဖော်ပြခဲ့ကြောင်း သိရသည်။
အဆိုပါကာလအတွင်း နိုင်ငံတကာမှ လာရောက်လည်ပတ်သူအရေအတွက်သည် ၆.၂ သန်းခန့် ရောက်ရှိခဲ့ပြီး စုစုပေါင်းခရီးသွားလုပ်ငန်းမှ ရရှိသောဝင်ငွေသည် ဗီယက်နမ်ဒေါင် ၁၁၀ ထရီလီ ယံ (အမေရိကန် ၄.၂၂ ဘီလီယံခန့်) ရှိသည်ဟု ခန့်မှန်းရပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်းစီ အသီးသီးတိုးလာခဲ့ကြောင်း သိရှိရပါသည်။
ဟနွိုင်းမြို့သို့ ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၇.၅ သန်း အပါအဝင် လာရောက်လည်ပတ်သူ ၃၁ သန်းခန့် ဝင်ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ယခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၂၅ သန်းနှင့် ပြည်တွင်းခရီးသွားဧည့်သည် ၁၃၀ သန်းအား ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း ဗီယက်နမ်သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
Source : Xinhua
DOCA (ရန်ကုန်)
