
ဗီယက်နမ်၊ အယ်ဂျီးရီးယားနှင့် ဆီနီဂေါတို့၏ စီးပွားရေးချိတ်ဆက်မှု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို အယ်ဂျီးရီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက အောက်တိုဘာလ ၂၁ ရက် နေ့တွင် ကျင်းပခဲ့ပြီး အယ်ဂျီးရီးယားနှင့် အခြားအာဖရိကနိုင်ငံများသို့ တင်ပို့လျှက်ရှိသည့် များစွာသောဗီယက်နမ်လုပ်ငန်းများပါဝင်သော စီးပွားရေးလုပ်ငန်း ၃၀ ပတ်လည်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားရှိ ဗီယက်နမ်ကုန်သွယ်ရေးအတိုင် ပင်ခံပုဂ္ဂိုလ် ဖြစ်သူ Hoang Duc Nhuan က ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နှင့် အာဖရိက ၂ နိုင်ငံအကြားကုန်သွယ်ရေးသည် ယခုနှစ်တွင် သိသာထင်ရှားစွာ ကြီးထွားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ စက်တင်ဘာလအထိတွင် ဗီယက်နမ်နှင့် အယ်ဂျီးရီးယားတို့အကြားအပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၅၀ သန်းထိရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂ ဆကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များတွင် ကော်ဖီစေ့များ၊ သီဟိုဠ်စေ့များ၊ ငရုတ်ကောင်း၊ အုန်းသီးခြောက်၊ ဓာတုထုတ်ကုန်များနှင့် ရေထွက်ကုန်များပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ထိုကာလအတွင်း ဆီနီဂေါနိုင်ငံနှင့်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့ကြောင်း သိရပါသည်။ ဆီနီဂေါသို့အဓိကပို့ကုန်များတွင် ဆန်၊ ငရုတ်ကောင်း၊ အဝတ်အထည်များ၊ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများနှင့် မုန့်မျိုးစုံ တို့ပါဝင်ကြောင်း သိရပါသည်။ Nhuan က ၃ နိုင်ငံ၏ စီးပွားရေးကြီးထွားမှုသည် အားကောင်းသော မိတ်ဖက်ဖွဲ့မှုအတွက် အခွင့်အလမ်းသစ်များကိုဖန်တီးပေးကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်၊ အယ်ဂျီးရီးယားနှင့် ဆီနီဂေါတို့သည် အာဖရိက၊ အာရှနှင့် ကမ္ဘာ့အခြားဒေသများသို့ ဈေးကွက်လမ်းကြောင်းများဝင်ရောက်ရန်အတွက် အကြီးစားပူးပေါင်း ဆောင်ရွက်မှုတိုးချဲ့ရန် သိသာထင်ရှားသောအလားအလာရှိကြောင်း သိရပါသည်။ Nhuan က ၃ နိုင်ငံစလုံးသည် ဥပဒေ မူဘောင်များတိုးတက်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးလှုပ်ရှားမှုများမြှင့်တင်ရန်နှင့် တစ်နိုင်ငံစီမှစီးပွားရေးလုပ်ငန်းများက အခြားနိုင်ငံ၏ စီးပွားရေးအခမ်းအနားများတွင် ပါဝင်ဆင်နွှဲရန်အတွက် တွန်းအားပေးရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ များစွာသော အယ်ဂျီးရီးယား စီးပွားရေးလုပ်ငန်းများသည် ထုတ်ပို့ပစ္စည်း၊ စာရွက်၊ သစ်၊ သစ်အထပ်သားနှင့် သီဟိုဠ်စေ့အစရှိသည့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဆီနီဂေါမှတက်ရောက်လာ သူများသည် ဗီယက်နမ်ဆန်တင်သွင်းရန် စိတ်ဝင်စားမှုပြသခဲ့ကြောင်း သိရှိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
