အမေရိကန်ဒေါ်လာ ၃.၅၉ ဘီလီယံတန်ဖိုးရှိသောဆန်များတင်ပို့ခဲ့သည့် ဗီယက်နမ်

Powered by Drupal

          ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်အစမှ အောက်တိုဘာလ ၁၅ ရက်နေ့အထိတွင် ဆန်တန်ချိန် ၇ သန်းကျော်တင်ပို့ခဲ့သော်လည်း ပို့ကုန်လုပ်ငန်းရှင်များမှ ဝယ်ယူမှုနှေးကွေးသောကြောင့် ပြည်တွင်းစပါးနှင့် ဆန်ဈေးနှုန်းများကျဆင်းခဲ့ကြောင်း ဗီယက်နမ်အစားအစာအသင်း VFA) ၏အဆိုအရ သိရပါသည်။ နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃.၅၉ ဘီလီယံတန်ဖိုးရှိသော ဆန်တန်ချိန် ၇.၀၂ သန်း တင်ပို့ခဲ့ကာ ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ပမာဏတွင် ၄.၄ ရာခိုင်နှုန်းနှင့် တန်ဖိုးတွင် ၂၁.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း VFA အချက်အလက်များက ဖော်ပြခဲ့ပါသည်။ အောက်တိုဘာလ စတုတ္ထမြောက်ရက်သတ္တပတ်တွင် 5% broken jasmine ဆန်ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၂၀ မှ ၄၃၅ ကြားရောင်းချရန် ကမ်းလှမ်းခဲ့ပြီး ၂ လဆက်တိုက်ကျဆင်းခဲ့ကြောင်း သိရပါသည်။ ဟိုချီမင်းမြို့တော်ရှိကုန်သည်တစ်ဦးက ပြည်ပဝယ်လိုအားနည်းပါးမှုကြောင့် များစွာသောပို့ကုန်လုပ်ငန်းရှင်များက စပါးဝယ်ယူမှု နှေးကွေးခဲ့ခြင်းက ပြည်တွင်းကုန်သွယ်ရေးကို ဆက်လက်ငြိမ်သက်စေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ပြည်တွင်း ဈေးကွက်တွင် jasmine စပါးကို တစ်ကီလီုဂရမ်လျှင် ၅၃၇၉ ဗီယက်နမ်ဒေါင်နှင့် ကုန်သွယ်လျက်ရှိကြောင်း သိရပါသည်။ သာမန်စပါးဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၅၁၆၁ ဗီယက်နမ်ဒေါင်ဖြင့် ၄၆ ဗီယက်နမ် ဒေါင်မြင့်တက်ခဲ့ကြောင်း VFA ၏ အဆိုအရသိရပါသည်။ An Giang ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဦးစီးဌာနက စပါးဈေးနှုန်းများသည် အမျိုးအစားအပေါ်မူတည်၍ တစ်ကီလိုဂရမ်လျှင် ၄၈၀၀ မှ ၅၉၀၀ ဗီယက်နမ်ဒေါင်ကြားတွင် ရပ်တည်နေကြောင်းနှင့် ပြည်နယ်၏ လက်လီဆန်ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၁၂၀၀၀ မှ ၂၂၀၀၀ ဗီယက်နမ်ဒေါင်ကြားဖြစ်ကြောင်း တင်ပြခဲ့ပါသည်။ ထုတ်လုပ်မှုအပိုင်းတွင် စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက မဲခေါင်ဒယ်တာပြည်နယ်များသည် ၂၀၂၅ ခုနှစ် နွေရာသီ-ဆောင်းဦးရာသီ ‌ကောက်ရိတ်သိမ်းရာသီတွင် ဟတ်တာ ၁.၂၄ သန်းနီးပါးစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းမှု ပြီးမြောက်ပါက အထွက်နှုန်း တစ်ဟတ်တာလျှင် ၆.၀၆ သန်းရှိကာ  ခန့်မှန်းစပါးတန်ချိန် ၇.၅၁ သန်းနှင့် ညီမျှကြောင်း သိရပါသည်။ ဆောင်းဦးရာသီ-ဆောင်းရာသီကောက်ရိတ်သိမ်းရာသီအတွက်မူ  စပါးစိုက်ခင်း ၇၆၃၀၀၀ ဟတ်တာစိုက်ပျိုးပြီးဖြစ်ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)