စင်ကာပူ ပင်လယ်စာဈေးကွက်တွင် တည်ရှိမှုအားကောင်းနေသည့် ဗီယက်နမ်

Powered by Drupal

       ဗီယက်နမ်ပင်လယ်စာသည် စင်ကာပူဈေးကွက်တွင် တည်ရှိမှုအားကောင်းနေပြီး ထိုဝယ်လိုအားမြင့်မားသည့် ဈေးကွက်တွင် အဓိကထုတ်ကုန်များမှာ ထိပ်တန်းဈေးကွက်ဝေစုကို ထိန်းသိမ်းထားလျက်ရှိကြောင်း သိရပါသည်။ စင်ကာပူ၏ စာရင်းအင်းနှင့်ကော်ပိုရိတ်စည်းမျဉ်း အာဏာပိုင်အဖွဲ့ထံမှ အချက်အလက်အရ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် စင်ကာပူသည် အမေ ရိကန်ဒေါ်လာ ၆၈.၂ သန်းတန်ဖိုးရှိသောပင်လယ်စာကို ဗီယက်နမ်ထံမှတင်သွင်းခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ စုစုပေါင်းတင်သွင်းမှုတန်ဖိုး၏ ၁၀.၂ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် မလေးရှားနှင့် အင်ဒိုနီးရှားတို့၏နောက် စင်ကာပူသို့ တတိယမြောက်အကြီးမားဆုံးပင်လယ်စာတင်ပို့သူအဖြစ် ရပ်တည်နေကြောင်း သိရပါသည်။ ဗီယက်နမ် ပင်လယ်စာအမျိုးအစားများအကြား အေးခဲထားသောငါးအသားပြားနှင့် ကင်ထားသောငါးအသားပြားတို့မှာ စင်ကာပူဒေါ်လာ ၄၅.၄ သန်းဖြင့် တင်သွင်းမှုတန်ဖိုးအမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ အခြားသိသာထင်ရှားသည့် ပို့ကုန်အုပ်စုများတွင် ပြုပြင်ထားသောနှင့် မပြုပြင်ထားသောကမာနှင့် ခရုတို့ပါဝင်ပြီး စုစုပေါင်းတင်သွင်းမှုတန်ဖိုး စင်ကာပူဒေါ်လာ ၂၀ သန်း နှင့် ၁၀.၁ သန်းအသီးသီးရှိကြောင်း သိရပါသည်။ စင်ကာပူရှိဗီယက်နမ်ကုန်သွယ်‌ရေးရုံးက စင်ကာပူ၏ ပင်လယ်စာတင်သွင်းမှုဈေးကွက်သည် ဆက်လက်တည်ငြိမ်နေပြီး ဗီယက်နမ်သည် ငါးအသားပြားကင်နှင့် အသားတို့တွင် ၎င်းတို့၏အားကောင်း‌စွာတည်ရှိနေမှုကို ဆက်လက်ထိန်းထားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ခရုနှင့်ကမာတွင်မူ ဗီယက်နမ်တင်ပို့သူများသည် မလေးရှားနှင့် အင်ဒိုနီးရှားသာမက တရုတ်၊ ဂျပန်နှင့် အိန္ဒိယတို့ထံမှ ပြင်းထန်သောယှဉ်ပြိုင်မှုနှင့် ဆက်လက်ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ အာဏာပိုင်များ၏အဆိုအရ ယခုနှစ်၏ ပထမ ၉ လ တွင် စင်ကာပူ၏ စုစုပေါင်းပင်လယ်စာတင်သွင်းမှုမှာ စင်ကာပူဒေါ်လာ ၈၇၀ သန်းတန်ဖိုးအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)