အင်ဒိုနီးရှားနှင့် ဘရာဇီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့

Powered by Drupal

        စွမ်းအင်၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေး၊ သိပ္ပံနှင့် ကုန်သွယ်မှု အပါအဝင် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် အင်ဒိုနီးရှားနှင့် ဘရာဇီးလ်တို့ အောက်တိုဘာလ ၂၃ ရက် နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အင်ဒိုနီးရှား သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

      အင်ဒိုနီးရှားသမ္မတ Prabowo Subianto နှင့် ဘရာဇီးသမ္မတ Luiz Inacio Lula da Silva တို့ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို လူလာ၏နိုင်ငံတော်ခရီးစဉ်အတွင်း ဂျကာတာမြို့ရှိ Merdeka နန်းတော်၌ ကျင်းပခဲ့ကြောင်း သိရသည်။

        "ဒီကနေ့ အရေးကြီးတဲ့ သဘောတူညီချက်နဲ့ နားလည်မှုလေးခုကို လက်မှတ်ရေးထိုးမှာဖြစ်ပြီး ဒါဟာ မြန်မြန်ဆန်ဆန် လုပ်ဆောင်နေကြောင်း သက်သေပြမယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာ ပိုကောင်းတဲ့ရလဒ်တွေ ရလာမယ်လို့ ယုံကြည်ပါတယ်" ဟု နှစ်နိုင်ငံ တွေ့ဆုံမှုအတွင်း Prabowo က ပြောကြားခဲ့ကြောင်း သိရသည်။

          သမ္မတ၏ ထုတ်ပြန်ချက်အရ နှစ်နိုင်ငံ အစိုးရအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်း အများအပြားအကြား နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)