ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် ပလောပီနံထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို မြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

Powered by Drupal

          ကမ္ဘောဒီးယား ပလောပီနံအဖွဲ့ချုပ်နှင့် ဗီယက်နမ် ပလောပီနံအသင်းတို့သည် နိုင်ငံနှစ်နိုင်ငံအကြား ပလောပီနံထုတ်လုပ်မှု၊ ပြုပြင်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို အောက်တိုဘာလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Cham Nimul က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများ၊ ကမ္ဘောဒီးယားရှိ ဗီယက်နမ်သံရုံးမှ ကိုယ်စားလှယ်များ၊ ပလောပီနံအသင်းနှစ်ခုလုံးမှ အဖွဲ့ဝင်များ၊ ARDB Bank၊ SME Bank မှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်မှ ပလောပီနံဝယ်ယူသည့် ကုမ္ပဏီများအပြင် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

      MoU အရ ပူးပေါင်းဆောင်ရွက်မှုသည် ထုတ်လုပ်မှုအရည်အသွေးကို မြှင့်တင်ရန်၊ ပလောပီနံကိုပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းများကို မြှင့်တင်ရန်နှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုကို လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည်။ ဤအစီအစဥ်သည် ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့ လတ်ဆတ်သော ပလောပီနံတန်ချိန် ကိုးသန်းခန့် နှစ်စဥ်တင်ပို့ရန် ကူညီပေးနိုင်မည်ဟု သိရပါ သည်။

         ကမ္ဘောဒီးယားနှင့် ဗီယက်နမ်မှ ပလောပီနံ ဝယ်ယူသည့် ကုမ္ပဏီလေးခုသည် ကမ္ဘောဒီးယား တောင်သူများထံမှ လတ်ဆတ်သော ပလောပီနံတန်ချိန် သုံးသန်းခန့်ကို နှစ်စဥ်ဝယ်ယူရန်အတွက် စီးပွားဖြစ်သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)