ရုရှားနိုင်ငံမှ LNG တင်သွင်းမှုအပေါ် ဥရောပသမဂ္ဂပိတ်ဆို့အရေးယူမှုအား အောက်တိုဘာလ ၂၃ ရက် နေ့တွင်ချမှတ်ခဲ့

Powered by Drupal

     ဥရောပသမဂ္ဂနိုင်ငံများသည် ရုရှားနိုင်ငံကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှု အစီအစဥ် သစ်တစ်ရပ်တွင်ပါဝင်သော သဘာဝဓာတ်ငွေ့ (LNG) ပိတ်ဆို့ခြင်းကို အောက်တိုဘာလ ၂၃ ရက် နေ့တွင် ချမှတ်ခဲ့ကြောင်း သိရပါသည်။ တရုတ်နှင့်ဟောင်ကောင်ရှိ ကုမ္ပဏီ ၁၂ ခုအပါအဝင် ပိတ်ဆို့ အရေးယူမှုများကို ရုရှားမှ ရှောင်လွှဲရန် ကူညီပေးသည့် အဖွဲ့အစည်း ၄၅ ခုကို ပစ်မှတ်ထားမည်ဟု EU ၏ အလှည့်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒိန်းမတ်မှ ထုတ်ပြန်ချက်အရ သိရပါသည်။ အဆိုပါအစီအစဥ်သည် မော်စကိုမြို့၏ စွမ်းအင်ဝင်ငွေကို လျော့ပါးစေရန် နှင့် ရုရှားနိုင်ငံ သမ္မတ Vladimir Putin အား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထို့အပြင် အဆိုပါ အစီအစဥ်အသစ်သည် ရုရှားနိုင်ငံမှ ရေနံကုမ္ပဏီကြီး ၂ ခုအပေါ် အရောင်းအဝယ်တားမြစ်မှုများဖြစ်ပေါ်စေခြင်း၊ ရုရှားနိုင်ငံမှ အသုံးပြုပြီးသား လေယာဥ်နှင့် ရေယာဥ်များအပေါ်ပြန်လည်အာမခံခြင်းအား တားမြစ်ခြင်း၊ ရုရှားနိုင်ငံရှိ ဘဏ် ၅ ခုတွင် ငွေပေး ငွေယူ အပြည့်အဝပိတ်ပင်ခြင်းများနှင့် ဘီလာရုစ်နှင့် ကာဇက်စတန်နိုင်ငံရှိ ဘဏ်များသို့ ငွေပေးငွေယူပိတ်ပင်မှုများကို သက်တမ်းတိုးခြင်းကိုလည်း တားမြစ်ခြင်းများပါဝင်ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)