ဖိလစ်ပိုင်နိုင်ငံသည် စပိန်နိုင်ငံမှ ကျွဲနွားတင်သွင်းမှုများ ယာယီပိတ်ပင်

Powered by Drupal

     ဖိလစ်ပိုင်နိုင်ငံရှိ Cataluna ဒေသတွင် အရေပြား အကျိတ်အဖုရောဂါဖြစ်ပွားပြီးနောက် ဖိလစ်ပိုင်နိုင်ငံသည် စပိန်နိုင်ငံမှ ကျွဲနွားတိရိစ္ဆာန်အပါအဝင် သန္ဓေသားလောင်းနှင့် မျိုးစေ့များ တင်သွင်းမှုများကို ယာယီပိတ်ပင်လိုက်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်ပြန်ကြေညာချက်အရ သိရပါသည်။

  စိုက်ပျိုး မွေးမြူရေးဌာနမှ အတွင်းရေးမှူးဆိုသူ Francisco Tiu Laurel က အဆိုပါလုပ်ဆောင်မှုသည် ဖိလစ်ပိုင်နိုင်ငံအတွင်း ဗိုင်းရပ်စ်ဝင်ရောက်မှုရန်မှ တားဆီးရန်နှင့် ပြည်တွင်းကျွဲနွားများ၏ ကျန်းမာရေးအပါအဝင် ကျွဲနွားအရေအတွက်ကို ကာကွယ်ရန်ဖြစ် ကြောင်း သိရပါသည်။

     ပြည်တွင်း ကျွဲနွားများတွင် ရောဂါဖြစ်ပွားမှုကို စပိန်နိုင်ငံမှ ကျွဲနွားတိရိစ္ဆာန်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက ကမ္ဘာ့ တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့အစည်းအား တားမြစ်စာဖြင့် ထောက်ခံကြောင်း တင်ပြခဲ့ပါသည်။ LSD သည် ကျွဲနွားများကိုသာ ကူးစက်ထိခိုင်စေသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီးအဓိကအားဖြင့်ယင်ကောင်နှင့်ခြင်များကဲ့သို့ အင်းဆက်ပိုးမွှားများ အကိုက်ခံရခြင်းမှ တစ်ဆင့်ကူးစက်ခြင်း ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ LSD သည် လူများအပေါ် ကူးစက်နိုင်မှုမရှိသော်လည်း ကျွဲနွားမွေးမြူရေးလုပ်ငန်းများတွင် စီးပွားရေးအရ သိသိသာသာ ဆုံးရှုံးမှုများဖြစ်နိုင်ကြောင်း သိရပါသည်။

Source: Xinhua