ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်၊ ဓာတ်ဆီနှင့် လောင်စာဓာတ်ငွေ့တင်သွင်းမှု ၂၀၂၅ ခုနှစ်၏ ပထမ ၉ လအတွင်း ၁၂.၃ ရာခိုင်နှုန်း ကျဆင်း

Powered by Drupal

           ကမ္ဘောဒီးယားနိုင်ငံ၏ ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့် လောင်စာဓာတ်ငွေ့တင်သွင်းမှုသည် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လအတွင်း ၁၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်သောအစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားပါသည်။

          ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ဒီဇယ်ဆီ၊ ဓာတ်ဆီနှင့် လောင်စာဓာတ် ငွေ့တင်သွင်းမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၈၄ ဘီလီယံ အထိရှိပြီး ပြီးခဲ့သည့်နှစ် အလားတူကာလက အမေရိကန်‌ဒေါ်လာ ၂.၁ ဘီလီယံ မှ ၁၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          နိုင်ငံအနေဖြင့် ဒီဇယ်တင်သွင်းမှုအတွက် အမေရိကန်ဒေါ်လာ ၉၉၂.၅ သန်း အသုံးပြုခဲ့ ရာ ၁၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဓာတ်ဆီအတွက် အမေရိကန်ဒေါ်လာ ၅၉၂.၅ သန်း အသုံးပြုခဲ့ရာ ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ လောင်စာဓာတ်ငွေ့အတွက် အမေရိကန် ဒေါ်လာ ၂၅၅ သန်းအသုံးပြုခဲ့ရာ ၂.၈ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)