ကမ္ဘောဒီးယားနှင့် ဘူလ်ဂေးရီးယား တို့သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အခွင့်အလမ်းအသစ်များကိုရှာဖွေ

Powered by Drupal

               ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် Sun chanthol သည် ထင်ရှားသော ဘူလ်ဂေးရီးယား စီးပွားရေးခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်အခြေစိုက် ကမ္ဘာ့ဆက်သွယ်ရေး ဖိုရမ် ၏ ဥက္ကဌဖြစ်သူ ‌ဒေါက်တာ Maxim Behar နှင့် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကို ဆွေးနွေးခဲ့ပါသည်။

‌          ဒေါက်တာ Maxim Behar သည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်မှုများအတွက် ကမ္ဘောဒီးယား တော်ဝင်အစိုးရကို ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ၎င်း၏ ခရီးစဉ်အပြီးတွင် လေ့လာတွေ့ရှိခဲ့သော အပြုသဘောဆောင်သည့် ရင်းနှီးမြှုပ်နှံမှု အလားအလာ များကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ထံသို့ တိုက်ရိုက်တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          CDC ၏ ပထမဆုံး ဒုတိယဥက္ကဌ အဖြစ်လည်း တာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဝန်ကြီးချုပ် Sun chanthol က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် စီးပွးရေးကို ကဏ္ဍစုံအောင် လုပ်ဆောင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်သည့် အဓိက ကျသော ကမ္ဘောဒီးယား မူဝါဒဆိုင်ရာ အစီအစဉ်များကို ဖော်ပြခဲ့ပါသည်။

          ဆွေးနွေးမှုများသည် ကမ္ဘောဒီးယားနှင့် ဘူလ်ဂေးရီးယား တို့၏ အပြန်အလှန်အကျိုးစီးပွား အတွက် အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ပိုမိုခိုင်မာသော အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုများဆီသို့ ဦးတည်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။

 DOCA (ရန်ကုန်)