
ဥရောပသမဂ္ဂ (EU) နှင့် ချုပ်ဆိုခဲ့သော မက္ကဆီကိုနိုင်ငံ၏ ကုန်သွယ်မှုသဘောတူညီချက် အသစ်သည် လာမည့်လများတွင် လက်မှတ်ရေးထိုးပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် အသက်ဝင်မည်ဟု မျှော်လင့်ထားကြောင်း မက္ကဆီကိုသမ္မတ Claudia Sheinbaum မှ အောက်တိုဘာ လ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ ၂၀၀၀ ခုနှစ်က ရရှိခဲ့သော EU-Mexico Global Agreement ကို အစားထိုးသည့် ခေတ်မှီသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တွင် လယ်ယာထွက်ကုန်နှင့် ထုတ် လုပ်သည့် ကုန်ပစ္စည်းများသာမက ဥရောပသို့ တင်ပို့သော မက္ကဆီကို၏ ပို့ကုန်အများအပြားကို အကောက်ခွန်လျော့ချခြင်းလည်း ပါဝင်ကြောင်း Sheinbaum က သူ၏ နေ့စဉ်သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ပြည်တွင်းမီဒီယာများ၏ အဆိုအရ အဆိုပါသဘောတူညီချက်သည် မက္ကဆီကို လယ်ယာထွက် ကုန်များအပေါ် ၈၆ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုကို ချက်ချင်းဖယ်ရှားမည် ဖြစ်ပြီး အခြား ၁၀ ရာခိုင် နှုန်းကိုလည်း ၇ နှစ်အတွင်း ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ်တွင် အီးယူနှင့် မက္ကဆီကိုအကြား ကုန်သွယ်မှုစုစုပေါင်းသည် ယူရို ၈၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၅.၆ ဘီလီယံ) ကျော်ရှိခဲ့ပြီး လတ်တင်အမေရိကနိုင်ငံအတွက် တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာစေ ကြောင်း ဥရောပကောင်စီ၏ ပြောကြားချက် အရသိရသည်။
Source : Xinhua
DOCA(ရန်ကုန်)
