
အာဖဂန်နစ္စတန် လယ်သမားများသည် ယခုနှစ်တွင် သဖန်သီးတန်ချိန် ၁၅၁၀၀၀ ကျော် ရိတ် သိမ်းခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အာဖဂန်နစ္စတန် နိုင်ငံ၏ စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၂၀ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
ဝန်ကြီးဌာန၏ အဆိုအရ သဖန်သီး စိုက်ပျိုးသောခြံများသည် မြေဧက ၁၇၅၀၀ ကျော် ကျယ် ဝန်းပြီး အသီးတန်ချိန် ၁၅၁၇၄၅ တန် ထွက်ရှိကြောင်းသိရသည်။ Zabul၊ Kandahar၊ Uruzgan၊ Helmond နှင့် Herat ၏ ပြည်နယ်များသည် အကြီးဆုံးနှင့် အထွက်နှုန်း အကောင်းဆုံးသဖန်ခြံများ တည်ရှိရာနေရာများဖြစ်သည်။ အာဖဂန်နစ္စတန်လူ မျိုးများ၏ တိုင်းရင်းဆေးပညာတွင် အသုံးများသော ထိုအသီးသည် နိုင်ငံတစ်ဝှမ်းရှိ ဆေးအရောင်း ဆိုင်များတွင် တွင်ကျယ်စွာ ရရှိနေပြီဖြစ်ပြီး နှစ်စဉ်ပြည်ပသို့လည်း အများအပြားတင်ပို့လျက်ရှိကြောင်း သိရသည်။
Source : Xinhua
DOCA(ရန်ကုန်)
