တောင်ကိုရီးယားနိုင်ငံ၏ အခွန်ဝင်ငွေသည် ဇန်နဝါရီမှ သြဂုတ်လအတွင်း မြင့်တက်လာ

Powered by Drupal

         ကော်ပိုရိတ်နှင့် ဝင်ငွေခွန် နှစ်ရပ်စလုံး တိုးလာမှုကြောင့် ယခုနှစ် ပထမ ရှစ်လတာအတွင်း တောင်ကိုရီးယား၏ အခွန်ဝင်ငွေ မြင့်တက်လာခဲ့ကြောင်း အစိုးရ အချက်အလက်များတွင် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

         ဇန်နဝါရီမှ ဩဂုတ်လအတွင်း အခွန်ငွေ ဝမ် ၂၆၀.၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈၃.၉ ဘီလီယံ) ရှိပြီး ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ဝမ် ၂၈.၆ ထရီလီယံ (ဒေါ်လာ ၂၀.၂ ဘီလီယံ) တိုးလာကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။ ကော်ပို ရိတ်နှင့် ဝင်ငွေခွန်ကောက်ခံမှုသည် ဝမ် ၁၇.၈ ထရီလီယံ (ဒေါ်လာ ၁၂.၆ ဘီလီယံ) နှင့် ဝမ် ၉.၆ ထရီလီယံ (၆.၈ ဘီလီယံဒေါ်လာ) တိုးသွားသော်လည်း တန်ဖိုးထပ်တိုးအခွန်ငွေ ဝမ် ၁.၂ ထရီလီယံ (ဒေါ်လာ ၈၄၆ သန်း) ကို ကိုးကားဖော်ပြသည့် ကာလတွင် လျော့ကျသွားခဲ့သည်။ အခွန်နှင့် အခွန် မဟုတ်သော ၀င်ငွေ အပါအဝင် စုစုပေါင်း ဝင်ငွေသည် ဇန်နဝါရီမှ ဩဂုတ်လအတွင်း စုစုပေါင်း ဝမ် ၄၃၁.၇ ထရီလီယံ (ဒေါ်လာ ၃၀၄.၃ ဘီလီယံ) ရှိပြီး ယခင်နှစ်ကထက် ဝမ် ၃၅ ထရီလီယံ (ဒေါ်လာ ၂၄.၇ ဘီလီယံ) တိုးလာသည်။ စုစုပေါင်းအသုံးစရိတ်သည် ယခုနှစ်အတွင်း ဝမ် ၃၈.၄ ထရီလီယံ (ဒေါ်လာ ၂၇.၁ ဘီလီယံ) တိုးလာခဲ့ပြီး ယခုနှစ် ပထမ ရှစ်လတွင် ဝမ် ၄၈၅.၄ ထရီလီယံ (ဒေါ်လာ ၃၄၂.၂ ဘီလီယံ) တိုးလာခဲ့သည်။ လူမှုဖူလုံရေးရန်ပုံငွေမှအပ စီမံခန့်ခွဲသောဘဏ္ဍာရေး လက်ကျန် သည် ဇန်နဝါရီမှသြဂုတ်လအတွင်း လိုငွေပြမှု ၈၈.၃ ထရီလီယံဝမ် (၆၂.၃ ဘီလီယံဒေါ်လာ) ကို မှတ်တမ်းတင်ခဲ့သည်။ ဗဟိုအစိုးရ၏ကြွေးမြီသည် သြဂုတ်လကုန်တွင် ဝမ် ၁၂၆၀.၉ ထရီလီယံ (ဒေါ်လာ ၈၈၈.၉ ဘီလီယံ) သို့ အစောပိုင်းလကထက် ဝမ် ၂၀.၄ ထရီလီယံ (ဒေါ်လာ ၁၄.၄ ဘီလီယံ) တိုးလာခဲ့သည်။

DOCA(ရန်ကုန်)