ပါကစ္စတန်၏ အထည်အလိပ်တင်ပို့မှုသည် ၂၀၂၆ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်တွင် ၅ ရာခိုင်နှုန်းကျော်မြင့်တက်လာ

Powered by Drupal

        ပါကစ္စတန်နိုင်ငံ၏ လက်ရှိ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်တွင် အထည်အလိပ် တင်ပို့မှုသည် ယခင်ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၆၂ ရာခိုင်နှုန်း မြင့်တက်လာ ခဲ့ကြောင်း Pakistan Statistics Bureau of Statistics (PBS) မှ တာဝန်ရှိသူများက အောက်တို ဘာလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အထည်အလိပ်တင်ပို့မှုသည် ပြီးခဲ့ဘဏ္ဍာနှစ် ဇူလိုင်လမှ စက်တင်ဘာလ၏ အမေရိကန်ဒေါ်လာ ၄၅၂၀ ဘီလီယံနှင့်နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၄၇၇၄ ဘီလီယံသို့ မြင့်တက်လာကြောင်း PBS အရာရှိ များ၏ ပြောကြားချက်အရ သိရသည်။ တစ်ချိန်တည်းတွင် တစ်နှစ်ထက်တစ်နှစ် အခြေခံအားဖြင့် ပါကစ္စတန်နိုင်ငံမှ အထည်အလိပ်တင်ပို့မှုမှာ ၁.၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင် ဘာလတွင် ဒေါ်လာ ၁၆၀၄.၈၅၆ သန်းနှင့် စံချိန်တင်ခဲ့ကြောင်း PBS မှ ပြောကြားခဲ့သည်။

          သို့သော်လည်း လအလိုက် အထည်အလိပ်တင်ပို့မှုသည် သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ၃.၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ပို့ကုန်တွင် ချည်မျှင်၊ ချည်ထည်၊ အိပ်ရာဝတ်၊ မျက်နှာသုတ်ပုဝါ၊ ရွက်ဖျင်တဲ၊ ကင်းဗတ်၊ တာပေါ်လင်၊ ပိုးထည်နှင့် ဓာတုချည်မျှင်များ ပါဝင်သည်။

DOCA(ရန်ကုန်)