
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်အသီးသီးရှိ စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးနှင့် ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး ရောင်းချနေမှုအခြေအနေနှင့် စိုက်ပျိုးရေး ဦးစီးဌာန၏ သတ်မှတ်ခွင့်ပြုထားသော လိုင်စင်များဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိ/ မရှိ ပစ္စည်းသယ်ယူ ရောင်းချနေမှု အခြေအနေတို့ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များအတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များနှင့် ပျိုးဉယျာဉ်ခြံများအား ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီး ဒေါ်မြင့်မြင့်ရီ ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ တို့ ပူးပေါင်းပါဝင်၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချနေမှု အခြေအနေနှင့် စိုက်ပျိုးရေးဌာန၏ သတ်မှတ်ခွင့်ပြုထားသော ရောင်းချခွင့်လိုင်စင်များ ဆောင်ရွက်ထားရှိပြီး ရောင်းချမှုရှိကြောင်း၊ ပစ္စည်းသယ်ယူရောင်းချနေမှု အခြေအနေအဆင်ပြေလျက်ရှိကြောင်း၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ သတ်မှတ်ထားသည့် ရောင်းချခွင့်လိုင်စင်များ သက်တမ်းတိုးရန်မှာကြားပြီး ပျိုးဥယျာဉ်များတွင် ပျိုးပင်မျိုးကွဲများ၊ ပျိုးပင်ရောင်းချသည့် ဈေးနှုန်းအခြေအနေနှင့် ပျိုးပင်ဝယ်ယူရရှိမှု အခြေအနေတို့ကို အသေးစိတ်မေးမြန်းပြီး၊ မိမိတို့ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြဆောင်ရွက်ထားခြင်းရှိသော စိုက်ပျိုးရေးသုံး ဆေးဖျန်းကိရိယာပစ္စည်းအမျိုးမျိုးကိုသာ ရောင်းချကြရန်တို့ကို အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)
