အင်ဒိုနီးရှားနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ကုန်သွယ်မှု အရှိန်ကိုမြှင့်တင်ရန် ကြိုးပမ်း‌ဆောင်ရွက်မှုများ ကို အာရှဖွံဖြိုးရေးဘဏ်မှ ထောက်ခံ

Powered by Drupal

         အင်ဒိုနီးရှားနိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုခိုင်မာစေရန်၊ စိမ်းလန်းသောတိုးတက်မှုကို မြှင့်တင်ရန်နှင့် ယှဉ်ပြိုင်နိုင်စွမ်း၊ စက်မှုခေတ်မီရေးနှင့် ကုန်သွယ်မှုအရှိန်မြှင့်ရေးအစီအစဉ် (CITA) ၏ တတိယပရိုဂရမ်ခွဲ (CITA) မှတစ်ဆင့်ကုန်သွယ်မှုကို အရှိန်မြှင့်ရန် အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန် မူဝါဒအခြေခံချေးငွေကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ အတည်ပြုခဲ့ကြောင်း သိရ သည်။ အင်ဒိုနီးရှားနိုင်ငံသည် စဉ်ဆက်မပြတ်စီးပွားရေးတိုးတက်မှုနှင့် ဖွဲ့စည်းပုံဆိုင်ရာ အသွင်ကူး ပြောင်းမှုလိုအပ်သည့် ၂၀၄၅ ခုနှစ်တွင် ၀င်ငွေမြင့်မားသော အနေအထားသို့ရောက်ရှိရန် ကတိပြု ကြောင်း ADB မှ အင်ဒိုနီးရှားနိုင်ငံ ဒါရိုက်တာ Jiro Tominaga က ပြောကြားခဲ့သည်။ CITA အစီအစဉ်ခွဲများ အောက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် အစိမ်းရောင်နှင့် ရေရှည်တည်တံ့သော စီးပွားရေးလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန်၊ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို လျှော့ချရန်နှင့် အထူးသဖြင့် အမျိုးသမီးများပိုင်ဆိုင်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားကောင်းစေမည် ဖြစ်ကြောင်း Tominaga မှ ပြောကြားခဲ့ သည်။ အဆိုပါ အစီအစဉ်သည် ရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးကာ ကုန်သွယ်မှုဆိုင်ရာ အတားအဆီး များကို ဖြေလျှော့ပေးပြီး လုပ်ငန်းများကို မြှင့်တင်ပေးကာ ရာသီဥတုအန္တရာယ်များကို တုံ့ပြန်ရာတွင် အစိမ်းရောင်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အင်ဒိုနီးရှား၏ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ပေးကြောင်း ADB မှ ပြောကြားခဲ့သည်။

 DOCA(ရန်ကုန်)