
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် တာဝန်ခံ ဦးဇော်မင်းဦးသည် FDA ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့နှင့် ပူးပေါင်း၍ (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၀၉:၀၀) နာရီအချိန်တွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ အာရောဂျံဆေးဆိုင်၊ WIN ဆေးဆိုင်နှင့် မိဘမေတ္တာဆေးဆိုင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ငပုတောမြို့နယ် မြို့မဈေးအတွင်းရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများကိုစစ်ဆေးခဲ့ရာ ရောင်းချနေသော ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများကို ရန်ကုန်မြို့ရှိ ဆေးကုမ္ပဏီများမှဝယ်ယူရရှိပြီး ဝယ်ယူသောပြည်သူများအနေဖြင့် ဆေးဝါးပြတ်လပ်မှုမရှိစေဘဲ မိမိတို့လိုအပ်သောဆေးဝါးများကို အခက်အခဲမရှိ ဝယ်ယူရရှိနေကြောင်း၊ ဈေးနှုန်းမြင့်တင်ရောင်းချနေခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆေးဝါးသိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးပစ္စည်းရောင်းချနေသော ဆိုင်ပိုင်ရှင်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
