ကမ္ဘောဒီးယားနိုင်ငံသည် ရာဘာတင်ပို့မှုမှ ‌ဒေါ်လာ ၅၄၉ မီလီယံ ရရှိ

Powered by Drupal

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ရာဘာနှင့် ရာဘာသစ်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄၉ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရာဘာဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၉ လအတွင်း ရာဘာတန်ချိန်၂၆၀၅၄၇ တန် ထုတ်လုပ်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၈၁၀၁ တန် သို့မဟုတ် ၃.၂၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          စက်တင်ဘာလ တစ်လတည်းတွင် ထုတ်လုပ်မှုသည် တန်ချိန် ၄၂၄၂၉ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်တန်ချိန် ၃၅၀၈ သို့မဟုတ် ၉.၀၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၃၁၃ သို့မဟုတ် ၈.၄၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။

          စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) လက်အောက်ရှိ ရာဘာအထွေထွေဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Khun Kakada  က ကမ္ဘောဒီးယားသည် အဆိုပါကာလအတွင်း ရာဘာတန် ၂၂၀၂၄၀ တင်ပို့ခဲ့ကြောင်း ယင်းမှာ ၂၀၂၄ အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန် ၂၈၂၉၅ သို့မဟုတ် ၁၁.၄ ရာခိုင်နှုန်း လျော့ကျခဲ့ပါသည်။

          ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ရာဘာနှင့် ရာဘာသစ်တင်ပို့မှုမှ စုစုပေါင်း ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၄၉ သန်းကျော်ရှိပြီး ယင်းတွင် ရာဘာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၀ သန်းကျော်၊ ရာဘာသစ်တင်ပို့မှုမှာ ၃ သန်းကျော်နှင့် ပြည်တွင်း၌ ရာဘာရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၁၅၆ မီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

       DOCA (ရန်ကုန်)