ဖိလစ်ပိုင်နိုင်ငံသည် နယူးဇီလန်နိုင်ငံမှ ငှက်တင်သွင်းမှု ပိတ်ပင်ထားခြင်းကိုရုပ်သိမ်း

Powered by Drupal

          နယူးဇီလန်နိုင်ငံမှ အိမ်မွေးငှက်နှင့် တောငှက်များတင်သွင်းမှု ယာယီတားမြစ်ထားခြင်းကို ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးဦးစီးဌာနက အောက်တိုဘာ ၁၄ ရက်နေ့တွင်  ပြောကြားခဲ့ပါသည်။

          နယူးဇီလန်နိုင်ငံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ကြက်ငှက်တုတ်ကွေးရောဂါဖြစ်ပွားမှု ပြေလည်သွားပြီးနောက် ဇန်နဝါရီလတွင် တင်သွင်းခွင့်တားမြစ်ထားခြင်းကို ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးမွေးမြူရေးဝန်ကြီး Francisco Tiu Laurel က ပြောကြားခဲ့ပါသည်။

          နယူးဇီလန်နိုင်ငံသည် ယခုအခါ HPAI ကင်းစင်သွားပြီဖြစ်ကြောင်းနှင့် ကြက်ငှက်တင်သွင်းခြင်းမှ ရောဂါကူးစပ်မှုကို ထိန်းချုပ်နေနိုင်ပြီဖြစ်ကြောင်း Tiu Laurel ကပြောကြားခဲ့ပါသည်။

          ဤအမိန့်ထုတ်ပြန်ပြီးနောက် သတ်မှတ်ထားသော ကုန်ပစ္စည်းများ၊ ထုတ်လုပ်ထားသော ကုန်ပစ္စည်းများအတွက် သွင်းကုန်များသည် လက်ရှိအချိန်တွင် စိုက်ပျိုးမွေးမြူရေးဦးစီးဌာန၏ စည်းမျဉ်များနှင့်အညီ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA (ရန်ကုန်)