အဓိကအခမ်းအနားများက နိုင်ငံခြားခရီးသွား ၁၂ သန်းကို ဆွဲဆောင်နိုင်ရန် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင်အဖွဲ့မျှော်လင့်

Powered by Drupal

           အဓိကအခမ်းအနား ၄ ခုဖြစ်သည့် Amazing Marathon ၊ Maha Loy Krathong 2025 ၊ Vijit Chao Phraya Light Festival နှင့် Amazing Thailand Countdown တို့ကြောင့် ထိုင်းအစိုးရသည် ၎င်းတို့၏ ၄ လတာကာလအတွင်း နိုင်ငံခြားခရီးသွား ၁၂ သန်းကို ဆွဲဆောင်နိုင်ရန် စီစဉ်နေ ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ (TAT) ၏ ခရီးသွားထုတ်ကုန်နှင့် စီးပွားရေးအတွက် ဒုတိယအုပ်ချုပ်ရေးမှူး Nat Kruthasoot က အေဂျင်စီသည် ခရီးသွားမြင့်မားသည့် ရာသီတွင် ရေတိုနှင့် ရေရှည်ခရီးသွားများအတွက် အဓိကအခမ်းအနားများပြင်ဆင်နေကြောင်းနှင့် မဟာဆွမ်ခရန်ကမ္ဘာ့ရေကစားပွဲတော် ၂၀၂၅ ၏အောင်မြင်မှုကြောင့် အေဂျင်စီသည် နိုဝင်ဘာလတွင် ဘတ်သန်း ၃၀ တန် Maha Loy Krathong 2025 ကို ကျင်းပမည်ဖြစ်ပြီး ကမ္ဘာလုံးအဆင့် အသိအမှတ်ပြုခံရရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ ပွဲတော်ကို Sukhothai နှင့် Ayutthaya တို့တွင်ကျင်းပရန်စီစဉ်ထားပြီး လည်ပတ်သူ ၄၅၀၀၀၀ မှ ဝင်ငွေ ဘတ်သန်း ၈၀၀ ရရှိ ရန် မျှော်မှန်းထားကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် Amazing Thailand Marathon 2025 သည်လည်း အားကစားခရီးသွားကဏ္ဍအတွက် ဦးဆောင်သူဖြစ်လာရန်မျှော်မှန်းရကြောင်း သိရပါသည်။ ထိုမာရသွန်ပွဲတော်သည် ပြည်တွင်းပြည်ပခရီးသွား ၃၆၀၀၀ မှ ဝင်ငွေ ဘတ် ၈၉၄ သန်း ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ Mr Nat က စီးပွားရေးနှေးကွေးမှုကြောင့် ခရီးသွား ငွေသုံးစွဲမှုလျှော့ကျနိုင်သော်လည်း TAT သည် အခမ်းအနားတိုင်းကို အကြီးစားကျင်းပရန် အလိုရှိကြောင်း ပြောကြားခဲ့ပါသည်။ အခြားအခမ်းအနားတစ်ခုဖြစ်သည့် မီးအလှဆင်ပွဲတော် Vijit Chao Phraya ကို ဘန်ကောက်မြစ်တစ်လျှောက်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ အထိကျင်းပရန် စီစဉ်ထားကြောင်း သိရပါသည်။ ထိုကာလအတွင်း အပျော်စီးလှေများအတွက် ခရီးသွားများကြိုတင်ဘွတ်ကင်ပြုလုပ်ထားမှုမှာ ပြည့်လုနီးပါးဖြစ်နေပြီး ခရီးသွား ၁.၅ သန်းမှ ဝင်ငွေ ဘတ် သန်း ၅၀၀ ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ နှစ်သစ်ကူးပွဲတော်အတွက် Mr Nat က ဘန်ကောက်သည် အားကောင်းသည့်ပုဂ္ဂလိကကွန်ယက်များကကျင်းပသည့် များစွာသော ပွဲအခမ်းအနားများတည်ရှိပြီးဖြစ်သောကြောင့် အေဂျင်စီသည် ဒေသဆိုင်ရာအခမ်အနားများ ကျင်းပရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။ TAT ကဘက်ဂျက် ၂၅ သန်းအသုံးပြု၍ countdown ပွဲကျင်းပမည့် Chiang Mai နှင့် Phayao တို့သည် ခရီးသွား ၁၅၀၀၀၀ ကို ဆွဲဆောင်နိုင်ရန်မျှော်မှန်းရကြောင်း သိရှိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)