စွမ်းအင်၊ ကုန်သွယ်ရေးနှင့် နည်းပညာတို့တွင်ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်မည့် ဗီယက်နမ်နှင့် စင်ကာပူ

Powered by Drupal

             ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien နှင့် စင်ကာပူ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ စွမ်းအင်၊သိပ္ပံနှင့် နည်းပညာတာဝန်ခံဝန်ကြီး Tan See Leng တို့သည် အဓိကဧရိယာများတွင် အထူးသဖြင့် စွမ်းအင်၊ စက်မှု၊ ကုန်သွယ်ရေးနှင့် သိပ္ပံနှင့်နည်း ပညာတို့တွင် ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေး ဆက်လက်အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ဝန်ကြီး ၂ ဦးသည် ၁၉ ကြိမ်မြောက် Vietnam-Singapore Connectivity Ministerial Meeting သို့ Tan ၏ တက်ရောက်မှုခရီးစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် အောက်တိုဘာလ ၁၀ ရက်နေ့က ဟနွိုင်းမြို့တွင် ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ ၎င်းတို့က အပြန်အလှန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုသည် ဆက်လက်ကျယ်ပြန့်စွာနှင့် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်နေပြီး နှစ်နိုင်ငံဆက်ဆံရေး၏ အဓိက ထောက်တိုင်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ အစည်းအဝေး၏ အဓိကရည်ရွယ်ချက်သည် ဗီယက်နမ်မှ စင်ကာပူသို့ ပြည့်ဖြိုးမြဲစွမ်းအင်တင်ပို့မည့်စီမံကိန်း အဆိုပြုချက်ဖြစ်ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် နှစ်နိုင်ငံအကြားတိုက်ရိုက်တင်ပို့ခြင်း သို့မဟုတ် တတိယနိုင်ငံမှတစ်ဆင့် သွယ်ဝိုက်တင်ပို့ခြင်းတို့အတွက် ရွေးချယ်စရာများကို ဆွေးနွေးခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် စိစစ်လျှက်ရှိသည့် Power Development Plan 8 သည် စီးပွားရေးစွမ်းရည်နှင့် စွမ်းအင်ဖူလုံရေး အတွက် စင်ကာပူ၊ မလေးရှားနှင့် အခြားမိတ်ဖက်များသို့ ၂၀၃၅ ခုနှစ်တွင် လျှပ်စစ် ၅ မှ ၁၀ ဂစ်ဂါ ဝပ်ထိ တင်ပို့ရန် ရည်ရွယ်ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် စီမံကိန်းအတွက် ဥပဒေ၊ ဘဏ္ဍာရေးနှင့် နည်းပညာမူဘောင်များ ဖွံဖြိုးတိုးတက်ရန်အတွက် နည်းပညာအဆင့်တွင် အနီးကပ် လုပ်ဆောင်သွား ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ဝန်ကြီး ၂ ဦးသည် အစိုးရ ၂ ခုအကြား ဆန်ကုန်သွယ်ရန်အတွက် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Dien က စင်ကာပူအား အခြားဗီယက်နမ်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များဖြစ်သည့် ပင်လယ်စာ၊ ကော်ဖီ၊ လက်ဖက်နှင့် လတ်ဆတ်သောသစ်သီးများတင်သွင်းမှုမြှင့်တင်ရန် တောင်းဆိုခဲ့ကြောင်း သိရပါ သည်။ ဝန်ကြီး ၂ ဦးသည် အီလတ်ထရောနစ်၊ ဆီမီးကွန်ဒတ်တာများ၊ စမတ်စွမ်းအင်နှင့် LNG တို့တွင် စက်မှုပူး‌ပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် e-commerce၊ SME ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဆန်းသစ်တီထွင်မှုတို့တွင် အတွေ့အကြုံများဝေမျှရန် သဘောတူညီခဲ့ ကြကြောင်း သိရပါသည်။ ဗီယက်နမ်သည် နိုင်ငံရှိ ဟာလာစက်မှုဥယာဉ်တည်ထောင်ရေးတွင် ပံ့ပိုးပေးရန်နှင့် ဗီယက်နမ်ကုန်ပစ္စည်းများဈေးကွက်လမ်းကြောင်းဝင်ရောက်မှုတိုးချဲ့ခြင်းတွင် ကူညီပေးရန် စင်ကာပူအားတောင်းဆိုခဲ့ကြောင်း သိရပါသည်။ Tan ကဗီယက်နမ်၏အဆိုပြုချက်များကို အားကောင်းစွာပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် ဗီယက်နမ်နှင့် အနီးကပ်ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန်အတွက် စင်ကာပူမှသက်ဆိုင်ရာအေဂျင်စီများအား ညွှန်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏အဆိုအရ စင်ကာပူသည် အာဆီယံတွင် ဗီယက်နမ်၏ ၄ ခုမြောက်အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်‌ ဒေါ်လာ ၈.၈ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၁၄.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်မှစင်ကာပူသို့ အမေရိကန်ဒေါ်လာ ၄.၃၄ ဘီလီယံ တန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံတန်ဖိုးပြန်လည်တင်သွင်းခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)